သဲကုန်း ဇွန် ၂
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၌ ကျောင်းနေအရွယ်ကလေးငယ်များအားလုံး ပညာသင်ယူခွင့် ရရှိစေရေးအတွက် ဇွန်လ ၂ ရက်နေ့ နံနက် ၉ နာရီတွင် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြင့် ကျောင်းတက်နေပြီးဖြစ်ကြောင်း သိရသည်။
သဲကုန်းမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း(၆)ကျောင်း၊ အထက် တန်း (ခွဲ)ကျောင်း (၅)ကျောင်း၊ အလယ်တန်းကျောင်း(၆)ကျောင်း၊ အလယ်တန်း(ခွဲ) ကျောင်း(၄)ကျောင်း၊ မူလတန်း(လွန်)ကျောင်း(၉) ကျောင်း၊ မူလတန်းကျောင်း (၁၆၄)ကျောင်း၊ စုစုပေါင်း အခြေခံပညာကျောင်း (၁၉၄) ကျောင်း၊ ကိုယ်ပိုင်ကျောင်း (၂)ကျောင်းနှင့် ဘုန်းတော်ကြီးပညာသင်ကျောင်း(၁)ကျောင်းရှိကြောင်း သိရသည်။ ကျောင်းစတင်ဖွင့်လှစ်သည့်နေ့တွင် ကျောင်းအပ်နှံပြီးသူ အခြေခံပညာ မူလတန်း အဆင့်တွင် ကျောင်းသား၊ ကျောင်းသူ(၁၁၈၄၃)ဦး၊ အလယ်တန်းအဆင့်တွင် (၃၅၆၈)ဦး၊ အထက်တန်းအဆင့်တွင် (၁၅၄၅)ဦး၊ ဘုန်းတော်ကြီး ပညာသင်ကျောင်း၌ မူလတန်းအဆင့်(၁၂၀)ဦး၊ ကိုယ်ပိုင်ကျောင်း(၂)ကျောင်းတွင် အထက်တန်းအဆင့် (၉၃)ဦးရှိပြီး မြို့နယ်အတွင်း ကျောင်းအပ်နှံပြီးသူပေါင်း (၁၇၁၆၉)ဦး၊ ၁၂၃.၁၂ ရာခိုင်နှုန်းအပ်နှံထားရှိပြီး အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဝင့်နန္ဒာဌေး