ပေါက်ခေါင်းမြို့၌ COVID-19 ဗိုင်းရပ်စ် (အဆုတ်ရောင်ရောဂါ) အကြောင်း အသိပညာပေး ဟောပြော

ပေါက်ခေါင်း  မတ်  ‌၁၃

ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့၌ COVID-19 ကိုရိုနာဗိုင်းရပ်စ် (အဆုတ်ရောင်ရောဂါ) အကြောင်း အသိပညာပေး ဆွေးနွေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီက ပေါက်ခေါင်းမြို့ အမှတ် ၁  ရပ်ကွက် ဗုဗ္ဗာရုံ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ အသိပညာပေး ဆွေးနွေးဟောပြောပွဲတွင် ပေါက်ခေါင်းမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေး ဆရာမ ဒေါ်ခင်မာဝင်းက COVID-19 ကိုရိုနာဗိုင်းရပ်စ် (အဆုတ်ရောင်ရောဂါ) ကြိုတင် ကာကွယ်ရေး နည်းလမ်းများ၊ သံသယဖြစ်ဖွယ် ရောဂါလက္ခဏာများ၊ ရောဂါကူးစက်ပုံအဆင့်ဆင့်၊ ရေများနှင့်လက်ကိုစနစ်တကျ စင်ကြယ်အောင်ဆေးကြောနည်း အဆင့်ဆင့်ကို တက်ရောက်လာသည့် ပြည်သူများအား အကျယ်တဝင့် ရှင်းလင်းဆွေးနွေး ဟောပြောခဲ့ကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)