အုတ်ဖို မတ် ၁၂
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့၊ ရွာမရပ်ကွက်၊ ရွာမ(၅)လမ်းတွင် မီးဘေးသင့် အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းကို ယနေ့ မွန်းလွဲ ၁၂နာရီ ၃၀အချိန်က အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ် ခဲ့ကြသည်။
အဆိုပါ ထောက်ပံ့ပေးအပ်ပွဲတွင် ပဲခူးတိုင်းဒေသကြီး၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းမာနှင့်အဖွဲ့က အုတ်ဖိုမြို့ ရွာမရပ်ကွက်၊ ရွာမ(၅)လမ်းတွင် မတ်လ ၁၁ရက်နေ့နံနက် ၉နာရီအချိန်က မီးလောင်ပျက်စီး ခဲ့သော မီးဘေးသင့်နေအိမ်(၄)လုံးအတွက် အိမ်ဆောက် ပစ္စည်ဘိုး ထောက်ပံ့ငွေ(၈)သိန်းကျပ်၊ မီးဘေးသင့်နေအိမ်များရှိ လူဦးရေ (၁၄)ဦးအတွက် ဆန်ရိက္ခာဘိုး ထောက်ပံ့ငွေ (၂၉၄၀၀)ကျပ် စုစုပေါင်း ထောက်ပံ့ငွေ(၈၂၉၄၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၉)မျိုးပါ ပလတ်စတစ်ပုံး(၄)ပုံး စုစုပေါင်းတန်ဘိုးငွေ (၁၅၃၄၁၂)ကျပ်နှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ ဒုတပ်ရင်းမှူး ဦးမျိုးမင်းထက်နှင့် တပ်ဖွဲ့ဝင်များက (၆)သိန်းကျပ် တန်ဘိုးရှိ ကယ်ဆယ်ရေးပစ္စည်းနှင့် အိမ်ဆောက်ပစ္စည်းများကို မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီတို့နှင့် ပူးပေါင်း၍ မီးဘေးသင့်ပြည်သူများ လက်ဝယ် အရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်းသိရသည်။
အောင်သူ(အုတ်ဖို)