ဒဂုံမြို့နယ် တပ်မတော်ခန်းမ၌ ထိုင်းနိုင်ငံမှ အရည်အသွေးမြင့် ကုန်ပစ္စည်းအရောင်းပြပွဲ ဖွင့်လှစ်

ဒဂုံ မတ် ၁၂

ထိုင်းနိုင်ငံမှ ထုတ်လုပ်သော အရည်အသွေးမြင့် ကုန်ပစ္စည်းအရောင်းပြပွဲ Top Thai Brands 2020 Yangon ကို Department of International Trade Promotion (DITP)မှ ကြီးမှူး၍ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ တပ်မတော်ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက စတင်ဖွင့်လှစ် ရောင်းချပေးပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါအရောင်းပြပွဲတွင် ထိုင်းနိုင်ငံ၏ အရည်အသွေးမြင့် ကုန်ပစ္စည်းပေါင်း (၁၃၀) ကျော်တို့ကို အရောင်းပြခန်းပေါင်း (၁၀၀) ကျော်တို့ဖြင့် အိမ်တွင်းအသုံးအဆောင်ပစ္စည်းများ၊ ကလေးအသုံးအဆောင်ပစ္စည်းများ၊ အိမ်တွင်းအလှဆင်ပစ္စည်းများ၊ အဝတ်အထည်များနှင့် စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းချိုသာစွာ ရောင်းချပေးမှာ ဖြစ်ကြောင်းသိရသည်။ အရောင်းပြပွဲနှင့်အတူ (Lucky Draw) ကံစမ်းမဲအစီအစဉ်များ ရန်ကုန်-ဘန်ကောက်ခရီးစဉ် လေယာဉ်လက်မှတ် (အခမဲ့) ဆောင်ရွက်ပေးမှာဖြစ်ပြီး နိုင်ငံကျော်အနုပညာရှင်များ၏ တေးသံသာများဖြင့် တင်ဆက်ဖျော်ဖြေပေးမည် ဖြစ်ကြောင်း သိရသည်။ ယင်းအရောင်းပြပွဲကို မတ်လ ၁၂ ရက်နေ့မှ မတ်လ၁၅ရက်နေ့ထိ နေ့စဉ်နံနက် ၉ နာရီမှညနေ ၅ နာရီထိ မည်သူမဆို လေ့လာဝယ်ယူနိုင်ကြောင်း သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)