တံတား စက်တင်ဘာ ၇
ရန်ကုန်တောင်ပိုင်းခရိုင် တံတားမြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကြိုတင်ကာကွယ်နိုင်ရန် Mask နှာခေါင်းစည်းများ အခမဲ့ ဖြန့်ဝေခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို ယမန်နေ့ နံနက် ၈ နာရီက ယာယီပျံကျဈေးတွင် ဆောင်ရွက်ခဲ့သည်။
ယခုအခါ တစ်ကျော့ပြန် ဖြစ်ပေါ်လျက်ရှိသော ကိုဗစ်-၁၉ ရောဂါကူးစက်မှု မဖြစ်ပွားစေရန် ယာယီပျံကျဈေးတွင် ဈေးရောင်းချလျက်ရှိသော ဈေးသည်များနှင့် ဈေးဝယ်လာသူများအား တံတားမြို့ စည်ပင်သာယာရေးဝန်ထမ်းများမှ Mask နှာခေါင်းစည်းများကို အခမဲ့ဖြန့်ဝေပေးပြီး Mask တပ်ဆင်ခြင်းမရှိပါက အရေးယူဆောင်ရွက်မည့်အကြောင်းနှင့် တံတားမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှလည်း ဈေးရောင်း/ဈေးဝယ်သူများအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ချက်များဖြစ်သည့် မလိုလားအပ်ဘဲ အိမ်အပြင် မထွက်ရေး၊ လူစုလူဝေးရှောင်ကျဉ်ရေး၊ အပြင်ထွက်တိုင်း Mask တပ်ဆင်ကြရန်၊ လက်ကို မကြာခဏ စနစ်တကျဆေးကြောကြရန်၊ ကိုဗစ်-၁၉ သံသယတွေ့ရှိပါက နီးစပ်ရာ ဆေးရုံဆေးခန်းများသို့ သွားရောက်ပြသသွားရန်နှင့် ဒေသန္တရအစိုးရအဖွဲ့မှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များကို စနစ်တကျ လိုက်နာ ကျင့်သုံးကြစေရန် လိုက်လံနှိုးဆော်၍ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ ကြောင်း သိရှိရသည်။
တင်နိုင်ဝင်း (တံတား)