ဆော မတ် ၁၂
ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အမျိုးသားတီဘီရောဂါ တိုက်ဖျက်ရေးစီမံကိန်း (NTP) တို့ ပူးပေါင်း ဖွင့်လှစ်သော ၂၀၂၀ ပြည့်နှစ် လူထုအခြေပြု တီဘီရောဂါကာကွယ်ရေးစီမံချက် တီဘီရောဂါ တိုက်ဖျက်ရေးသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ဆောမြို့ ပြည်သူ့ဆေးရုံ သင်တန်းခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြတ်လေးပန်က အမှာစကားပြောကြားပြီး၊ ဆောမြို့နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးချစ်သန်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်း ကျန်းမာရေးဌာန လူထုအခြေပြု တီဘီရောဂါကာကွယ်ရေးစီမံချက်မှ ကွင်းဆင်းကြီးကြပ်ရေးမှူး ဒေါ်သီသီဌေးက စီမံချက်အကြောင်းအရာများအား ရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းကို မတ် ၁၂ ရက်မှ ၁၃ ရက်နေ့အထိ ကြက်ခြေနီစေတနာ့လုပ်ငန်းရှင် သင်တန်းသားဦးရေ ၂၀ ဦးဖြင့် ၂ ရက်ကြာ ဖွင့်လှစ်သင်ကြား ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ဇော်မျိုးသန့်(ဆော)