ကွမ်းခြံကုန်းမြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက် အားကစားနည်း (၅) မျိုး သင်တန်းဖွင့်လှစ်

ကွမ်းခြံကုန်း မတ် ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အားကစားကို စိတ်ပါဝင်စားသူ လူငယ်များအတွက် အခြေခံအားကစားနည်းသင်တန်း (၅) မျိုးကို မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အောင်ဆန်းသူရိယလှသောင်းအားကစားခန်းမတွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

အဆိုပါ အားကစားနည်း(၅)မျိုးမှာ ဘောလုံး၊ ဘောလီဘော၊ ပိုက်ကျော်ခြင်း၊ စားပွဲတင်တင်းနစ်နှင့် Fitness Dance တို့ဖြစ်ပြီး အားကစားနည်း တစ်ခုချင်းစီအလိုက် သင်တန်းဆရာများက လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ပြီး အားကစားနည်းသင်တန်းများကို မတ်လ (၁၁) ရက်နေ့မှ (၃၀) ရက်နေ့အထိ မနက် (၇) နာရီမှ (၉) နာရီအထိ လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားမှူး ဒေါ်ခိုင်ခိုင်အေးက ပြောသည်။

ထွန်းထွန်းစိုး(ရွှေခြံမြေ)