ပေါက်မြို့နယ်တွင် တက္ကသိုလ်ဝင် စာ​မေးပွဲဖြေဆိုကြမည့်​ ကျောင်းသား​၊ ကျောင်းသူများ ယာဉ်အန္တရာယ်ကင်းရှင်းရေး​ဆောင်ရွက်

ပေါက် မတ် ၁၂

၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင် စာ​မေးပွဲကို မြန်မာနိုင်ငံတဝန်းရှိ စာ​ဖြေဌာန အသီးသီးတွင် တပြိုင်တည်း ကျင်းပလျက်ရှိရာ မ​ကွေးတိုင်း​ဒေသကြီး ပေါက်မြို့နယ်တွင် စာ​ဖြေဌာန(၁၀)ခုရှိပြီး အဆိုပါစာ​ဖြေဌာနများတွင် တက္ကသိုလ်ဝင်စာမေးပွဲ မတ် ၁၂ ရက် (ဒုတိယ​​)​နေ့ အင်္ဂလိပ်စာဘာသာရပ်တွင် ဝင်​ရောက်​ဖြေဆိုကြမည့် ကျောင်းသား​၊ ကျောင်းသူများ ယာဉ်အန္တရာယ် လမ်းအန္တရာယ်နှင့် ပတ်သက်၍ စိတ်အ​နှောင့်အယှက် မရှိ​စေ​ရေး​၊​ အေးချမ်းပျော်ရွှင်စွာ ဖြေဆိုနိုင်ရန် အထူးဆောင်ရွက်လျက်ရှိ​ကြောင်း သိရသည်။

ထိုသို့​ ဆောင်ရွက်ရာတွင် ​ပေါက်မြို့နယ် ရဲတပ်ဖွဲ့မှ ရဲမှူး​မောင်ကိုနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်​ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့်​ ကျောင်းသားမိဘများကလည်း မိမိတို့၏ သားသမီးများကို ယာဉ်အန္တရာယ် လမ်းအန္တရာယ်မရှိ​စေ​ရေးနှင့် စိတ်အ​နှောင့်အယှက်မဖြစ်​စေ​ရေးအတွက် ကျောင်းဝန်း အပြင်စည်းက​နေ လိုက်ပို့​ဆောင်ရွက်​ပေးခဲ့​ပြီး စာ​မေးပွဲ​ဖြေဆိုချိန်​စေ့၍ ပြန်ထွက်လာချိန်တွင်လည်း ယခုလို​ပြန်လည် ဆောင်ရွက်​ပေးခဲ့ပြီး တက္ကသိုလ်ဝင် စာ​မေးပွဲတွင်းကာလ၌ ​နေ့စဉ်ဆက်လက် ​ဆောင်ရွက်​ပေးသွားမည်ဖြစ်​ကြောင်း သိရသည်။

ဉာဏ်တိုး​(ပေါက်)