ကနီမြို့တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အဆင့်မြင့်စက်ချုပ်သင်တန်းဖွင့်လှစ်

ကနီ     မတ်   ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အဆင့်မြင့်စက်ချုပ်သင်တန်းဖွင့်ပွဲကို ယမန်နေ့ညနေ  (၃) နာရီက ကနီမြို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့​သည်။

အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရွှင်ဌေး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိုက်စိုးထွန်းတို့က အဖွင့်အမှာစကားပြောကြားကြပြီး ကနီမြို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဗိုလ်ဆန်းက သင်တန်းဖွင့်လှစ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ထိုသင်တန်းသို့ သင်တန်းသား (၁၂) ဦးတက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ မတ်လ (၁၀) ရက်နေ့မှ ဧပြီလ (၉) ရက်နေ့အထိ (၁) လ ကြာမည်ဖြစ်ကြောင်း တာဝန်ရှိသူထံမှ သိရှိရပါသည်။

ခင်ဝင်းကြည်(ပြန်/ဆက်)