ဖြူး မတ် ၁၁
တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ အားကစားနှင့် ကာယပညာဦးစီးဌာနက ကြီးမှူး၍ နွေရာသီအခမဲ့ အခြေခံ အားကစားသင်တန်းကို အားကစားနည်း(၆)နည်းဖြင့် မတ်လ(၁၁)ရက်နေ့မှ ဧပြီလ(၉)ရက်နေ့အထိ မြို့နယ်အားကစား ကွင်း အတွင်းသင်ကြား သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ သင်တန်းတွင် မြို့နယ်ဘောလုံး အဖွဲ့ချုပ်နှင့် ပူးပေါင်းပြီး ဘောလုံး ကစားနည်းသင်တန်း၊ လက်ဝှေ့ အားကစားနည်းကို လက်ဝှေ့ပညာရှင် မမေချစ်ဦး ကလည်းကောင်း၊ အေရိုးဗစ်၊ စားပွဲတင်တင်းနစ်၊ ပြေးခုံပစ်၊Physical Fitless Dalce အားကစား နည်းများကို ဖြူမြို့နယ်အား/ကာမှူး ဒေါ်သိမ့်သိမ့်မိုး တို့ကလည်းကောင်း သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
နွေရာသီအားကစား သင်တန်းများ ဖွင့်လှစ်ရခြင်းမှာ လူငယ်များ မိမိကိုယ်ကို ယုံကြည်မှုရှိပြီး ကျန်းမာကြံ့ခိုင်မှုရှိစေရန်၊ အချင်းချင်း ပူးပေါင်းဆောင်ရွက် တက်သည့် အလေ့အကျင့်ကောင်း ရှိလာစေရန်၊ အားကစား တစ်ခုခုကစားခြင်း ဖြင့် မိမိကိုယ်ကို ယုံကြည်ပြီး မူးယစ်ကင်းစင်စေရန် ရည်ရွယ်၍ အားကစား သင်တန်းများ ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း မြို့နယ်အား/ကာမှူး ပြောကြားချက်အရသိရှိရသည်။
မနွယ် (ဖြူးပြန်ဆက်)