ပဲခူးတိုင်းဒေသကြီးအတွင်း ယခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲ၌ စာစစ်ဌာန(၁၀)ခု တိုးချဲ့

ပဲခူး မတ် ၁၁

မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ၂၀၂၀-၂၀၂၁ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့ နံနက် ၉ နာရီက စတင်ကျင်းပခဲ့ရာ ပဲခူးတိုင်းဒေသကြီးအတွင်း စာစစ်ဌာန(၁၇၁)ဌာန ဖွင့်လှစ်ထားရှိပြီး အတွင်းဖြေ/အပြင်ဖြေ ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၈၄၉၈၁)ဦး ဖြေဆိုကြောင်း သိရသည်။

ယခုနှစ်တွင် တစ်တိုင်းလုံးအနေဖြင့် စာစစ်ဌာန(၁၀)ခုထပ် တိုးချဲ့ခဲ့ပြီး မသန်စွမ်းဖြေဆိုသူ(၂၀)ဦး၊ တောင်ငူအကျဉ်းဦးစီးဌာနမှ ဖြေဆိုသူ(၂)ဦး ဖြေဆိုခဲ့ကြောင်း၊ အတွဲ(၁)မှ အတွဲ(၇) အထိ မိမိကြိုက်နှစ်သက်ရာသို့ ပြောင်းလဲ ဖြေဆိုခွင့်ရှိကြောင်း၊ ယခင်နှစ်များထက် စာမေးပွဲဖြေဆိုသူ များလာကြောင်း ပညာရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဟိန်းထက်(ပဲခူး)