စေတုတ္တရာ မတ် ၁၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးဦးစီးဌာနနှင့် တောင်သူများ စိုက်ပျိုးထားသော စေတုတ္တရာမြို့ မွန်ဇော်ဘက်စုံစံပြကျေးရွာတွင် ဆောင်းသီးနှံကုလားပဲစံကွက်စိုက်ခင်းရိတ်သိမ်းခြင်းကို ယနေ့ နံနက်(၉)နာရီ အချိန်က ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မင်းဘူးခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်မှူး ဒေါ်နီလာမော်နှင့် SMSအဖွဲ့ ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြစံနှင့် ဝန်းထမ်းများသည် စေတုတ္တရာမြို့နယ် မွန်ဇော်ဘက်စုံ စံပြကျေးရွာတွင် မိုးစပါးအပြီး သီးထပ်ဆောင်းကုလားပဲ စိုက်ပျိုးဖြစ်ထွန်းမှုများ ကွင်းဆင်းပြီး ကုလားပဲမျိုး ယှဉ်ပြိုင်စမ်းသပ်ကွက်တွင် စံကွက်ရိတ်သိမ်းမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ပေါက်ပေါက်(ပြန်/ဆက်)