မော်လမြိုင် မတ် ၁၁
၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့(မြန်မာစာဘာသာရပ်)ကို ယနေ့တွင် ဖြေဆိုရာ မော်လမြိုင်မြို့နယ်မှ မြန်မာစာဖြေဆိုသူ (၅၉၄၉) ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် မော်လမြိုင်မြို့နယ်၌ စာစစ်ဌာန(၁၃)ခုရှိရာ (မြန်မာစာဘာသာရပ်)တွင် စာရင်းရှိဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ (၆၃၆၇) ဦးရှိပြီး ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၅၉၄၉)ဦး(၉၃ ဒသမ ၄၃ ရာခိုင်နှုန်း) ဖြေဆိုကြရာ ပျက်ကွက်သူ စုစုပေါင်း (၄၁၈) ဦး (၆ ဒသမ ၅၇ ရာခိုင်နှုန်း) ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဝေလင်း(ပြန်/ဆက်)