ရန်ကုန် မတ် ၁၁
မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒ ဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာနုဂ္ဂဟ အသင်းတို့ ပူးပေါင်း၍ လူငယ်ယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ အမှတ် (၉)ရပ်ကွက်၊ ကျော်သူလမ်းရှိ တြိရတနရက္ခိတဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
သင်တန်းတွင် ဆရာ ဦးသန်းအောင်၊ ဆရာ ဦးကြည်ဝင်း၊ ဆရာ ဦးတိတ်ရှိန်၊ ဆရာမ ဒေါ်ကြည်ကြည်၊ ဆရာမ ဒေါ်တင်တင်ဝင်း၊ ဆရာမ ဒေါ်ခင်လဲ့၊ ဆရာမ ဒေါ်ခင်မျိုးဆက်၊ ဆရာမ ဒေါ်သန်းသန်းအေး၊ ဆရာမ ဒေါ်လှလှဝင်း၊ ဆရာမ ဒေါ်ဖြူနှင်းအေး၊ ဆရာမ ဒေါ်သင်းသင်းမြင့်ရွှေ၊ ဆရာမ ဒေါ်တင်ချိုဝင်းတို့က လူငယ်များယဉ်ကျေးစွာ စကားပြောဆိုနည်း၊ ပြုမူနေထိုင်နည်း၊ ပေါင်းသင်း ဆက်ဆံနည်းများနှင့် လူတော် လူကောင်း လေးများ ဖြစ်လာစေရန် လမ်းညွှန်သင်ကြား ပြသပို့ချ ပေးသွားမည်ဖြစ်သည်။
အဆိုပါ လူငယ်ယဉ်ကျေး လိမ္မာသင်တန်းကို မတ် ၂၁ ရက်နေ့ထိ (၁၁) ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းအချိန်မှာ နေ့စဉ် နံနက် (၈)နာရီမှ (၁၁)နာရီထိ သင်ကြားပို့ချသွားမည်ဖြစ်ပြီး အဆိုပါသင်တန်းသို့ သင်တန်းသား/သင်တန်းသူ (၁၀၀)ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။
နေထက်အောင်