ကမာရွတ်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကိုဗစ်-၁၉ရောဂါကာကွယ်တားဆီးရေး အသိပညာပေး လုပ်ငန်းများဆောင်ရွက်

ကမာရွတ် စက်တင်ဘာ ၁၀

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့မြေ စိုက်ဘုတ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးရေးအသိပညာပေးလုပ်ငန်းကို ယမန်နေ့ နံနက်က ကပ်ထား ပြသဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံအတွင်းရောဂါပိုးရှိသူများတွေ့ရှိနေရသဖြင့် မိမိတို့မြို့နယ်အတွင်း ရောဂါကူးစက်ပြန့်ပွားမှုမ ဖြစ်ပေါ်စေရေးအတွက် ယခုလက်ရှိကမ္ဘာနိုင်ငံအသီးသီးတွင် ဖြစ်ပေါ်နေသည့်အခြေအနေများ၊ မြန်မာနိုင်ငံ အတွင်း ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် သတင်းအချက် အလက်များ၊ နိုင်ငံတော်အစိုးရ၏ တိုင်းကျိုးပြည်ပြုမှတ်တမ်းဓာတ်ပုံများ၊ မြို့နယ်အတွင်းလှုပ်ရှားမှုဓာတ်ပုံများ၊ ပြည်သူများအနေ ဖြင့်ကိုဗစ်-၁၉ရောဂါဆိုင်ရာကြိုတင် ကာကွယ်ရေးနည်းလမ်းများ၊ ရောဂါကူးစက်မှုမဖြစ်ပွား ရေးရှောင်ရန်၊ ဆောင်ရန်များအချက်အလက်များကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး အသိပညာပေး ပြသ ဆောင်ရွက်ထား ကြောင်းသိရသည်။

စိမ်းလဲ့(ပြန်/ဆက်)