သတင်းများ

မတူပီခရိုင်လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာများ စိစစ်ခြင်း (ဒုတိယနေ့) ဆက်လက် ဆောင်ရွက်
Aug 13,2020
၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် မတူပီခရိုင် လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာများ စိစစ်ခြင်းဒုတိယနေ့ကို ယမန်နေ့ နံနက် ၁၀ နာရီက ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး အစည်းအဝေး ခန်းမ၌ ဆက်လက်ကျင်းပပြုလုပ်ကြောင်း သိရသည်။
ဂန့်ဂေါခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် သဘာဝဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်း စာစောင်များဖြန့်ဝေ
Aug 13,2020
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများ သည် ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်း၊ မိုးရွာသီတွင် ဖြစ်ပွားလေ့ရှိသည့် မိုးကြိုး ဘေးနှင့် လေပြင်းဘေးအန္တရာယ်များကြိုတင်ပြင်ဆင်ရေး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ ခြင်းကို ယမန်နေ့နံနက် ၈ နာရီက ဂန့်ဂေါမြို့နယ် ပျားကျေးရွာတွင် လူနေအိမ်များအရောက် အသိပညာ ပေးခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေကြသည်။
ဒေးဒရဲမြို့၌ စားသုံးသူများ ဘေးကင်းလုံခြုံမှုရှိစေရေး စတိုးဆိုင်နှင့် မုန့်မျိုးစုံဆိုင်များအား ရှောင်တခင်စစ်ဆေး
Aug 13,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများ ဘေးကင်းလုံခြုံမှုရှိစေရန် ရည်ရွယ်၍ မြို့ပေါ်ရပ်ကွက်များအတွင်းရှိ စတိုးဆိုင်နှင့် မုန့်မျိုးစုံဆိုင်များအား ယမန်နေ့ နံနက် ၁၁ နာရီက ရှောင်တခင် စစ်ဆေးခဲ့သည်။
မကွေးတိုင်းဒေသကြီး သရက်မြို့နယ်အတွင်း ပထမအကြိမ်မဲစာရင်းကြေညာထားမှုနှင့် နိုင်ငံသား စိစစ် ရေးကတ်ပြားရရှိရေး ဆောင်ရွက်နေမှုအား မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ကွင်းဆင်းကြည့်ရှု
Aug 13,2020
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပပြုလုပ် မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးမည့် မဲဆန္ဒရှင်များစာရင်းကြေညာထားရှိမှု နှင့် အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူ များ အားကတ်ပြားရရှိရေးဆောင်ရွက်နေမှုများကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးကျော်ကျော်နှင့် အဖွဲ့မှ ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုခဲ့သည်။
ရမည်းသင်းမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး မိုဘိုင်းစာကြည့်တိုက် ကွင်းဆင်းငှားရမ်း
Aug 13,2020
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူးနှင့်၀န်ထမ်းများသည် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများမှ၀န်ထမ်းများ စာဖတ်ရှိန်မြှင့်တင်ရေး မိုဘိုင်းစာကြည့်တိုက်ကို ယမန်နေ့နံနက် ၁၀ နာရီက ရမည်းသင်းမြို့ အကျဉ်းဦးစီးဌာနနှင့် ခရိုင်ကျေးလက်ဒေသဖွံဖြိုးရေးဦးစီးဌာနတို့ကို ကွင်းဆင်းငှားရမ်းပေးခဲ့သည်။
ဝမ်းတွင်းမြို့နယ်တွင် မိုးစပါးစိုက်ပျိုးချိန် ထွန်စက်အငှါးလိုက်သူများအနေဖြင့် စီးပွားရေးတွက်ခြေကိုက်ကာ မိသားစုဘဝများအဆင်ပြေလျက်ရှိ
Aug 13,2020
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၌ မိုးစပါးများစိုက်ပျိုးချိန်တွင် ထွန်စက်အငှါးလိုက်သူများအနေဖြင့် စက်ငှါးသူပေါများလာခြင်းကြောင့် ဝင်ငွေများရရှိကာ စီးပွားရေးအဆင်ပြေလျက်ရှိကြောင်း သိရသည်။
ပန်ဆိုင်း(ကြူကုတ်)မြို့၊ ရပ်ကွက်/ကျေးရွာအသီးသီးရှိ ရွေးကောက်ပွဲကော်မရှင်ရုံးများတွင် မဲဆန္ဒရှင်စာရင်းကပ်ထားမှုအခြေအနေများအား သွားရောက်ကြည့်ရှု
Aug 13,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့အတွင်းရှိ ရပ်ကွက်များနှင့် ကျေးရွာအသီးသီးတွင် ကပ်ထားသည့် မဲဆန္ဒရှင်စာရင်းများတိကျမှန်ကန်စေရေးဆောင်ရွက်ထားရှိမှုနှင့် မဲဆန္ဒရှင်စာရင်းအနေခြေအနေများကို ယမန်နေ့ နံနက် (၁၀)နာရီက ခရိုင်ရွေးကောက်ပွဲကော်မရှင်အရာရှိ ဦးအောင်ကျော်စိုး၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးစံနော်နှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များ၊ မြို့အုပ်ချုပ်ရေးမှူး ဦးမင်းဇာနည်နှင့်အဖွဲ့ဝင်များက လှည့်လည်ကြည့်ရှုခဲ့သည်။
ကန်ကြီးထောင့် ၌လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များ ကိုဗစ်-၁၉ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ရောင်းချမှု ရှိ/မရှိ စစ်ဆေး
Aug 13,2020
ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ် စည်ပင်သာယာရေးကော်မတီမှ လိုင်စင်ထုတ်ပေး ထားသော လက်ဖက်ရည်ဆိုင်များနှင့် စားသောက်ဆိုင်များတွင် ကိုဗစ်-၁၉ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ရောင်းချမှု ရှိ/မရှိ စစ်ဆေးခြင်းကို ယမန်နေ့ နေ့လယ် ၂ နာရီက တာဝန်ရှိသူများမှ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။