သတင်းများ

ပျော်ဘွယ်မြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်တွင် ကလေးငယ်များအတွက် Online ပုံပြင်ဖတ်ပြခြင်းအစီအစဉ်ကျင်းပ
Aug 13,2020
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပျော်ဘွယ်မြို့နယ် ပြည်သူ့စာကြည့်တိုက်ရှိ ကလေးစာဖတ်ခန်းတွင် ပုံပြင်ဖတ်ပြခြင်းအစီအစဉ်ကို စာကြည့်တိုက်သို့မလာရောက်နိုင်သည့် ကလေးသူငယ်များအတွက် လူမှုကွန်ယက်မှ တစ်ဆင့် ကြည့်ရှုနားထောင်စေခြင်းကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့မွန်းလွဲ (၁) နာရီက "ပလတ်စတစ်အိတ်ကလေး၏ခရီးစဉ်"ဟူသောခေါင်းစဉ်ဖြင့် ပုံပြင်ဖတ်ခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကော့သောင်းမြို့၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း စာဖတ်ဝိုင်းကျင်းပ
Aug 13,2020
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့တို့ပူးပေါင်း၍ စာပေဝါသနာရှင်များ စာပေအသိပညာဗဟုသုတ တိုးတက် စေရန်နှင့် စာတတ်သူတိုင်း စာဖတ်လာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ယမန်နေ့ နေ့လယ် (၁) နာရီအချိန်က စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုင်းယောင်းမြို့နယ်တွင် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းအတွက် အိတ်ဖွင့်တင်ဒါစိစစ်ရွေးချယ်
Aug 13,2020
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းအတွက် အိတ်ဖွင့်တင်ဒါ စိစစ်ရွေးချယ်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်စည်ပင်သာယာရေးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရ သည်။
ဝေါမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ ပိုမိုပြည့်စုံမှန်ကန်စေရန် (၇)ရက်တိုးမြှင့် ကပ်ထားကြေညာမှုများ စစ်ဆေး
Aug 12,2020
၂၀၂၀ ပြည့်နှစ် ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများကို သတ်မှတ်ပုံစံအတိုင်း ဇူလိုင် ၂၅ ရက်နေ့မှ ဩဂုတ် ၇ ရက်နေ့အထိ ဝေါမြို့နယ်အတွင်းရှိသက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ရုံးများ၌ ကပ်ထားကြေညာ ထားပြီး မဲဆန္ဒရှင် စာရင်းများ ပိုမိုပြည့်စုံမှန်ကန် စေရန် နှင့် မဲဆန္ဒရှင်များမှ လိုအပ်သည့် တောင်းဆိုမှု၊ ကန့်ကွက်မှု၊ ပြင်ဆင်မှုများ ဆောင်ရွက်ရန် အတွက် အချိန် ပိုမို ရရှိစေရန် ရည်ရွယ်၍ ဩဂုတ် ၈ရက်နေ့မှ ၁၄ရက်နေ့အထိ ထပ်မံတိုးမြှင့်ကပ်ထားပြီး မဲဆန္ဒရှင်များမှာ စိတ်ဝင်တစား လာရောက် ကြည့်ရှုကြကြောင်း သိရသည်။
ဝေါမြို့နယ်၌ နိုင်ငံသားစိစစ်ရေးကတ်ပြားများသစ္စာစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက် ပေး
Aug 12,2020
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ၌ မဲဆန္ဒရှင်ပြည်သူများ လွယ်ကူ ချောမွေ့စွာ ဆန္ဒမဲပေးနိုင်ရေး အတွက် အသက်(၁၈) နှစ်ပြည့်ပြီး နိုင်ငံသားကတ်မပြုလုပ်ရသေးသူများ၊ မဲစာရင်းတွင် ပါရှိပြီး နိုင်ငံသား ကတ်မရှိကြသူများ နိုင်ငံသားစိစစ်ရေး ကတ်ပြားများ
ထန်းတပင်၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု (၂၅၂၇၆) စု တို့အား ထောက်ပံ့ငွေများပေးအပ်
Aug 12,2020
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း နိုင်ငံတော်အစိုးရမှထောက်ပံ့ပေးသည့် ထောက်ပံ့ငွေများအား ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများထံသို့ လက်ဝယ်အရောက် ပေးအပ်နိုင်ရေးတို့ အတွက် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို သြဂုတ်လ (၁၂) ရက်နေ့၊ မွန်းလွဲ(၃)နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းဝေးခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့သည်။
လက်ပံတန်းမြို့နယ်တွင် International Youth Day အထိမ်းအမှတ်လူငယ်များ တွေ့ဆုံ၍ စုပေါင်းသစ်ပင်စိုက်
Aug 12,2020
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ် လူငယ်ရေးရာကော်မတီမှ International Youth Day အထိမ်း အမှတ်လူငယ်များ တွေ့ဆုံပွဲကို ယနေ့နေ့လည်ပိုင်းက လက်ပံတန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုခန်းမ Community Centre ၌ ကျင်းပပြုလုပ်ခဲ့သည်။
မိုင်းရယ်မြို့တွင် အသက်(၆)လမှ (၉)နှစ်ထိ ကလေးငယ်များအား ဗီတာမင်အေနှင့် သံချဆေးများ တိုက်ကျွေး
Aug 12,2020
လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်အတွင်း အသက်(၆)လမှ (၉)နှစ် ထိ ကလေးငယ်များအား ဗီတာမင်အေနှင့် သံချဆေးများတိုက်ကျွေးလျက်ရှိရာ ယနေ့ နံနက်(၉) နာရီ က မိုင်းရယ်မြို့၊ ရပ်ကွက်(၂)အုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ်လျက်ရှိသည်။