သတင်းများ

မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရန် ကျေးလက်နေပြည်သူများအား မျိုးကောင်းမျိုးသန့်ဒေသနွားပြာစိမ်း ၂၁ ကောင် ပေးအပ်
Aug 12,2020
မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ရှမ်းပြည်နယ်အစိုးရခွင့်ပြုရန်ပုံငွေဖြင့် ဝယ်ယူထားသော ဒေသနွားမွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လုပ်ကိုင်နိုင်ရန်အတွက် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ နောင်ကျောကျေးရွာအုပ်စု၊ မဲ့ဘောင်ကျေးရွာသို့ မျိုးကောင်းမျိုးသန့်ဒေသနွားပြာစိမ်း အမ(၂၀)ကောင်နှင့် အထီး(၁)ကောင် ဖြန့်ဖြူးပေးအပ်ပွဲကို ယနေ့ နံနက် ၁၀ နာရီ က မဲ့ဘောင်ကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုးကုတ်မြို့တွင် ကျောက်တွင်းပြိုကျမှု ထပ်မံဖြစ်ပွား
Aug 12,2020
ပြင်ဦးလွင်ခရိုင်၊ မိုးကုတ်မြို့ ကျောက်ပြဿဒ် ကျေးရွာ ၊ ကုဋေကုဋာလုံလျှို‌ကျောက်မျက်တူး ဖော်‌ရေးလုပ်ကွက်ဟောင်းအတွင်း တွင်းအနက် ၂၅၀ ပေခန့်ရှိ လူးလက်ကြား၌  ယနေ့ ညနေ ၃ နာရီခန့်က ရေပေါက်ကာတွင်းပြိုကျမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့၊ ထဟော(၂) ကျေးရွာ၌ အခြေခံပညာအလယ်တန်းကျောင်းအဆင့်တိုးမြှင့်ဖွင့်လှစ်
Aug 12,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့၊ ထဟော(၂) ကျေးရွာတွင် အခြေခံပညာမူလတန်းအဆင့်မှ အခြေခံပညာ အလယ်တန်းကျောင်း အဆင့်တိုးမြှင့်ဖွင့်လှစ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ထဟော(၂) ကျေးရွာ အခြေခံပညာအလယ်တန်း ကျောင်းတွင် ကျင်းပခဲ့ကြသည်။
ရွှေပြည်သာမြို့နယ်၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု(၅၂၄၆၇)စုတို့အတွက် ထောက်ပံ့ငွေများ ပေးအပ်
Aug 12,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား တစ်အိမ်ထောင်စုလျှင် ငွေကျပ်(၂၀၀၀၀)နှုန်းဖြင့် နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးအပ်သည့် အခမ်းအနားကို ယနေ့နေလယ် ၂ နာရီအချိန်တွင် ရွှေပြည်သာမြို့နယ် သာသနာ့ ဗိမာန်တော်ကြီး၌ ကျင်းပခဲ့သည်။
မှော်ဘီမြို့နယ် ၌ အခြေခံလူတန်းစားအိမ်ထောင်စုအတွက် ထောက်ပံ့ငွေပေးအပ်
Aug 12,2020
ရန်ကုန်မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်အတွင်း ကိုဗစ် -၁၉ ကာကွယ်ထိန်းချုပ်ကာလအတွင်း ပုံမှန် ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးသည့် ထောက်ပံ့ငွေများ ပေးအပ်ခြင်းအခမ်းအနားကို ယနေ့ မွန်းလွဲ ၃ နာရီတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်အဝေးခန်းမ၌ ကျင်းပခဲ့သည်။
မိုးကုတ်မြို့နယ် လယ်ဦးအုပ်စု ဓာတ်တော်ပျားစွဲလူး လုပ်ကွက်ဟောင်း​မြေပြိုကျရာမှ ကျောက်ရှာသူ သုံးဦးပိတ်မိရာ နှစ်ဦး လွတ်မြောက်၍ တစ်ဦးသေဆုံး
Aug 12,2020
ယမန်နေ့ ညနေပိုင်းတွင် မိုးကုတ်‌ကျောက်မျက်တူးဖော်ရေး လုပ်ကွက်ဟောင်းတစ်ခုဖြစ်သည့် ဓာတ်တော်ပြန့် လုပ်ကွက်ပျားစွဲလူးတွင် တွင်းပြိုကျမှုဖြစ်ပွားခဲ့ပါသည်။
နမ္မတူမြို့နယ်ရှိ နားဆိုင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲနှင့် လုပ်လေကျေးရွာ အခြေခံ ပညာ မူလတန်းကျောင်းသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကျန်းမာရေးသုံးပစ္စည်းများ ပေးအပ်လှူဒါန်း
Aug 12,2020
နမ္မတူမြို့နယ်ရှိ နားဆိုင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲနှင့် လုပ်လေကျေးရွာ အခြေခံ ပညာ မူလတန်းကျောင်းသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကျန်းမာရေးသုံး ပစ္စည်းများ ပေးအပ် လှူဒါန်း ခြင်းကို ဩဂုတ်လ (၁၂)ရက်နေ့ နံနက်ပိုင်းက ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် နားဆိုင်းကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းခွဲ၌ ဆောင်ရွက်ခဲ့ပါသည်။