သတင်းများ

ပင်းတယမြို့နယ်၌ ကြိုးဖုန်းရှိသည့် အိမ်များသို့ နေအိမ်အရောက် 10M WiFi များ တပ်ဆင်နိုင်ရေး စာရင်း ကောက်ယူ
Aug 12,2020
ရှမ်းပြည် (တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာများရှိ နေအိမ် များ၌ အသုံးပြုရန် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှတပ်ဆင် ထားသည့် ရုံးများ၊ နေအိမ်များနှင့် ဈေးဆိုင်များ၌ WiFi Internet လိုင်းဖမ်းယူသည့် စက်တပ်ဆင် အသုံးပြုနိုင်ရန်အတွက် စာရင်းများ ကောက်ယူလျက် ရှိကြောင်း သိရသည်။
ညောင်ဦးခရိုင် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းလွှာများ စိစစ်ခြင်း လုပ်ငန်းဆောင်ရွက်
Aug 12,2020
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာများ စိစစ်ခြင်းအား ယမန်နေ့နံနက် ၁၀ နာရီအချိန်က ညောင်ဦးခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပုလဲမြို့၌ ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ‌ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Aug 12,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၌ ယမန်နေ့ မွန်းလွဲ ၁ နာရီက ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျင်းပခဲ့ကြောင်း သိရသည်။
ကသာမြို့နယ်၊ ကုန်းသာကျေးရွာတွင် ကျေးရွာပြည်သူမျာအား ကျေးရွာမတည်ရန်ပုံငွေ(VRFP) လွှဲပြောင်းပေးအပ်
Aug 12,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများသည် ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း (VRFP) ဆောင်ရွက်ခွင့်ရရှိသော ကသာမြို့နယ်၊ ကုန်းသာကျေးရွာရှိ ဒေသခံ ပြည်သူများအား ယမန်နေ့က ကျေးရွာမတည် ရန်ပုံငွေများကို သွားရောက် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ရန်ကုန်တောင်ပိုင်းခရိုင် တံတားမြို့၌ ဌာနဆိုင်ရာများနှင့် ဝန်ထမ်းအိမ်ရာများတွင် သွေးလွန် တုပ်ကွေး ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်
Aug 12,2020
ရန်ကုန်တောင်ပိုင်းခရိုင် တံတားမြို့တွင် မိုးရာသီ၌ အများဆုံးဖြစ်ပွားတက်သည့် သွေးလွန် တုပ်ကွေး ရောဂါဖြစ်ပွားမှု လျော့နည်းကျဆင်းစေရေးအတွက် ကြိုတင်ကာကွယ်ရေး လုပ်ငန်း များ ဖြစ်သော ဖုန်း၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများနှင့် အဘိတ်ဆေးခတ်ခြင်းများကို ယနေ့ နံနက် ၈ နာရီက ဌာနဆိုင်ရာရုံးများ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရွှေဘိုမြို့တွင် Cash For Work စီမံကိန်းကြောင့် ကျေးရွာနေ လုပ်သား (၄၈၀) ကျော် အလုပ် အကိုင် အခွင့်အလမ်းများရရှိ
Aug 12,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့တွင် Cash For Work စီမံကိန်းကြောင့် ကျေးရွာနေ လုပ်သား(၄၈၀) ကျော် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိနေကြောင်း ရွှေဘိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှသိရသည်။
ဝက်လက်မြို့နယ်၌ မြစိမ်းရောင်လည်ပတ်ရန်ပုံငွေ ပဥ္စမအကြိမ် ပြန်လည်ထုတ်ချေး
Aug 12,2020
စစ်ကိုင်းတိုင်ဒေသကြီး၊ ရွှေဘိုခရိုင် ၊ဝက်လက်မြို့နယ် ကံပုလုတ်ကျေးရွာနှင့် သုံးဆင့်ကန် ကျေးရွာတို့တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိများ ဖြစ်ကြသည့် ဒေါ်တင်မာလွင်နှင့် ဒေါ်ခင်သန်းထွေးတို့မှ မြစိမ်းရောင်စီမံကိန်း လည်ပတ်ရန်ပုံငွေဖြင့် ယနေ့ နံနက်ပိုင်းက ပဥ္စမအကြိမ် ပြန်လည်ထုတ်ချေးမှု အပေါ် ကွင်းဆင်း ကြီးကြပ် ဆောင်ရွက်ကြကြောင်း သိရသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ရေတိုက်စားမှုကြောင့် ကမ်းထိန်းနံရံနှင့် မြေပြိုကျမှုဖြစ်ပွား
Aug 12,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ယနေ့ နံနက် ၅ နာရီခွဲခန့်က ဒီရေတက်ချိန် ရေတိုက်စားမှုကြောင့် ဆိပ်ကြီးအရှေ့ရပ်ကွက်ရှိ ရွှေရန်ကုန် စက်တပ်ရေယာဉ် သမ္ဗန်ဆိပ်အနီး အလျား ပေ ၁၂၀ နှင့်အနံ ၃၀ပေခန့်ရှိ ကမ်းထိန်းနံရံ မြေပြိုကျမှု ဖြစ်ပွားခဲ့ ကြောင်း သိရသည်။