သတင်းများ

၂၀၂၀-၂၀၂၁ ပညာသင်နှစ် စတုတ္ထတန်း (Grade-4) သင်ရိုးသစ် နောက်ဆက်တွဲ သင်တန်းဖွင့်လှစ်
Aug 11,2020
အခြေခံပညာဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် မူလတန်းသင်ရိုးသစ် မိတ်ဆက်သင်တန်းကို အခြေခံပညာအရည်အသွေး တိုးတက်စေရန်အတွက် ပညာရေးပြုပြင်ပြောင်းလဲမှု၏ အရေးပါသော ဆောင်ရွက်မှုတစ်ခုဖြစ်ပြီး၊ ဘက်စုံလွှမ်းခြုံ ပြန်လည်ဆန်းစစ်မှုများနှင့် အဓိကပြောင်းလဲမှုတို့ကို ဘာသာရပ် အသီးသီး၏ အကြောင်းအရာများတွင် သာမက သင်ကြားသင်ယူမှုဖြစ်စဉ်များနှင့် ချဉ်းကပ်နည်းများကိုလည်း ဆောင်ရွက်နိုင်ရန် ရည်ရွယ်ချက်ဖြင့် Grade-4 သင်ရိုးသစ် နောက်ဆက်တွဲ သင်တန်း သင်ကြားပို့ချ ပေးလျက်ရှိသည်။
ဝိုင်းမော်မြို့၌ အသက်(၅)နှစ်အောက်ကလေးများအား ဗီတာမင်အေဆေးနှင့်သန်ချဆေးတိုက်ကျွေး
Aug 11,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့ပေါ်ရပ်ကွက် များရှိ အသက်(၅)နှစ်အောက် ကလေးများအား ဗီတာမင်အေဆေးနှင့် သန်ချဆေး တိုက်ကျွေးခြင်း လုပ်ငန်းကို ယနေ့နံနက်(၇)နာရီက စတင်ဆောင်ရွက်ခဲ့သည်။
ပုသိမ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြေစိုက်နံရံကပ်ဘုတ်များတွင် ရွေးကောက်ပွဲဆိုင်ရာ သိကောင်းစရာများ ပြသထား
Aug 11,2020
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်တွင် ကျင်းပသွားမည် ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာ ထားပြီးဖြစ်ရာ ရွေးကောက်ပွဲဆိုင်ရာ သိကောင်းစရာများကို ပြည်သူများအလွယ်တကူ လေ့လာနိုင်ရန် ပုသိမ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့နှင့် စာတိုက်ကုန်းရှေ့ရှိ မြေစိုက်နံရံကပ် ပြဘုတ်တို့တွင် နံရံကပ်စာစောင်ပြုလုပ်၍ သြဂုတ်လ ၁၁ ရက်နေ့မှ စတင်ကာ ခင်းကျင်းပြသထား သည်။
ချင်းရွှေဟော်မြို့မှနေရပ်ပြန်ပြည်သူ(၂၈)ဉီးအားသက်ဆိုင်ရာဒေသများသို့ထပ်မံလွှဲပြောင်းပို့ဆောင်
Aug 11,2020
ချင်းရွှေဟော် မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများအား ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီဉက္ကဋ္ဌ မြို့အုပ်ချုပ်ရေ:မှူး ဉီးသက်ဉီးပိုင်နှင့် ကော်မတီအဖွဲ့ဝင်များ က ၎င်းတို့၏ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များသို့ ပြန်လည် ရောက်ရှိနိုင်ရေးအတွက် စနစ်တကျ စီစဉ်လွှဲပြောင်း ပို့ဆောင်ပေးလျက်ရှိရာ ဩဂုတ်လ ၁၀ ရက်နေ့၊ ညနေ(၆)နာရီ အချိန်က(၁၇)ဉီးနှင့် ယနေ့မွန်းလွဲ(၃)နာရီအချိန်က(၁၁)ဉီး စုစုပေါင်း နေရပ်ပြန် ပြည်သူ(၂၈)ဉီး တို့အား ထပ်မံလွှဲပြောင်းပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
တနိုင်းမြို့နယ်၌ ရေဘေးသင့်ပြည်သူ အိမ်ထောင်စု(၃၃)စုအား ထောက်ပံ့ပေးအပ်
Aug 11,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်၌ ဇူလိုင်လအတွင်း မိုးအဆက်မပြတ် ရွာသွန်းကာ တနိုင်းချောင်းရေ မြင့်တက်လာမှုကြောင့် နေအိမ်များအတွင်းသို့ ရေများ ဝင်ရောက်လာသဖြင့် ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေထိုင်ခဲ့ရသော အိမ်ထောင်စုများအတွက် ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့သော ထောက်ပံ့ ကြေးများအား မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့မှ ပြန်လည်ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ မွန်းလွဲ ၁ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှင်ဗွေယန်မြို့၌ အသက်(၅)နှစ်အောက် ကလေးများအား ဗီတာမင်အေဆေးနှင့် သန်ချဆေး တိုက်ကျွေး
Aug 11,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်မြို့၌ အသက်(၅)နှစ်အောက် ကလေးငယ်များအား ဗီတာမင်အေဆေးနှင့် သန်ချဆေးတိုက်ကျွေးပေးခြင်းလုပ်ငန်းကို ယနေ့နံနက် (၉)နာရီတွင် ကျေးလက်ကျန်းမာရေးဌာနခွဲ၌ တိုက်ကျွေးပေးခဲ့သည်။
ချင်းပြည်နယ်ဟားခါးမြို့၌ ရွေးကောက်ပွဲအငြင်းပွားမှု စေ့စပ်ညှိနှိုင်းရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ အောင်မြင်စွာ ကျင်းပပြီးစီး
Aug 11,2020
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ကြီးကြပ်လမ်းညွှန်မှုနှင့်အတူ IFES(INTERNATIONAL FOUNDATION FOR ELECTORAL SYSTEM) ၏ ကူညီပံ့ပိုးမှုဖြင့် ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးသင်တန်းခန်မ၌ နှစ်ရက်ကြာ ကျင်းပပြုလုပ်သည့် ရွေးကောက်ပွဲ အငြင်းပွားမှုစေ့စပ်ညှိနှိုင်းရေး ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲကို ယနေ့ မွန်းတည့် ၁၂ နာရီအချိန်တွင် အောင်မြင်စွာကျင်းပပြီးစီးသည်။
ကျောက်မဲမြို့တွင် ခွေးချစ်သူများအဖွဲ့မှ ခွေးလေခွေးလွင့်များနှင့် ကြောင်များအား သားကြောဖြတ်ပေးခြင်းနှင့် ခွေးရူးပြန်ရောဂါကာကွယ်ဆေးထိုးပေးခြင်းများ ဆောင်ရွက်
Aug 11,2020
စစ်ကိုင်းမြို့နယ် ဝဲလောင်ရွာရှိ Royal Heart ခွေးချစ်သူများအဖွဲ့မှ တိရစာ္ဆန်ဆေးကုဆရာဝန် ဒေါက်တာကျော်ရန်နိုင်ထွန်းနှင့် အဖွဲ့တို့သည် ကျောက်မဲမြို့အတွင်းရှိ ခွေးလေခွေးလွင့်များနှင့် ကြောင်များအား သားကြောဖြတ်ပေးခြင်း၊ ခွေးရူးပြန်ရောဂါကာကွယ်ဆေးထိုးပေးခြင်းနှင့် ဝဲရောဂါများ ကုသပေးခြင်းတို့ကို ကျောက်မဲပြည်သူ့ဆေးရုံကြီးအတွင်း၌ ယနေ့မှ စ၍ ၅ ရက်ကြာ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။