သတင်းများ

ဦးမိုးလေး ဖြတ်တာ(၁) မြစ်ကမ်းပါးပြိုကျမှုကြောင့် နေအိမ်ရွှေ့ပြောင်းခဲ့ရသော အိမ်ထောင်စုများကို သောက်ရေသန့် ဗူးများ လှူဒါန်း
Aug 10,2020
ဟင်္သာတမြို့နယ်တွင် ဦးမိုးလေး ဖြတ်တာ(၁) မြစ်ကမ်းပါးပြိုကျပြီး ရေဝင်ရောက်သဖြင့် နေအိမ် ရွှေ့ပြောင်းခဲ့ရသော အိပ်ပျက်ကျေးရွာအုပ်စုရှိ ဖောင်ဆိပ်၊ ငှက်‌ပျောတောနှင့် တာငုတ်ကျေးရွာမှ အိမ်ထောင်စုများကို ယနေ့နံနက်ပိုင်းက ကျုံလဟာပရဟိတ အဖွဲ့များက သောက်ရေသန့်ဘူးများ လှူဒါန်းခဲ့ကြောင်း သိရသည်။
စမ်းချောင်းမြို့နယ်အတွင်းရှိ မူလတန်းအဆင့်ကျောင်းများမှ နွမ်းပါးကလေးငယ်များအား အခြေခံစားသောက်ကုန်များလှူဒါန်း
Aug 10,2020
ရန်ကုန်အ‌နောက်ပိုင်းခရိုင်၊စမ်းချောင်းမြို့နယ်၊ လင်း/လွန်း (တောင်)ရပ်ကွက်၊ Community Centre တွင် we love Yangon နှင့် we love Sanchaung ပရဟိတလူငယ်များအဖွဲ့တို့ပူးပေါင်းကာ မြို့နယ်အတွင်းရှိ အခြေခံအဆင့်မူလတန်းကျောင်းများမှ နွမ်းပါးကလေးများအား ဩဂုတ်လ ၁၀၊ နံနက်(၁ဝး၃၀)အချိန်က အခြေခံစား သောက်ကုန်များကိုလှူဒါန်းခဲ့သည်။
ဟိုမိန်းမြို့၌ လူကုန်ကူးမှုတိုက်ဖျက်ဖို့ တာဝန်ကိုယ်စီယူကြစို့ အသိပညာပေး နံရံကပ်စာစောင်ပြသ
Aug 10,2020
လူကုန်ကူးမှုသည် လက်ရှိအချိန်တွင် တရားမဝင် မူးယစ်ဆေးဝါးနှင့် လက်နက်ရောင်းဝယ်မှု ပြီးလျှင် တတိယမြောက် အများဆုံးရာဇဝတ်မှုတစ်ခု ဖြစ်သည့်အတွက် လူကုန်ကူးမှုသည် လက်ရှိအချိန်တွင် တရားမဝင် မူးယစ်ဆေးဝါးနှင့် လက်နက်ရောင်းဝယ်မှု ပြီးလျှင် တတိယမြောက် အများဆုံးရာဇဝတ်မှုတစ်ခု ဖြစ်သည့်အတွက် ပြည်သူများ လူကုန်ကူးမှုအန္တရာယ်မှ ဝိုင်းဝန်းပူးပေါင်းကာကွယ်စေရန် ရည်ရွယ်၍ ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် ဟိုမိန်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ “ လူကုန်ကူးမှုတိုက်ဖျက်ဖို့ တာဝန်ကိုယ်စီ ယူကြစို့ ” အသိပညာပေး နံရံကပ်စာစောင်ကို ယနေ့နံနက်ပိုင်းက ပြသဆောင်ရွက်ခဲ့သည်။
မှော်ဘီမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူ ပေါင်း ၁၁၂၇ ဦး တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်
Aug 10,2020
၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ယမန်နေ့ နံနက်ပိုင်းက အွန်လိုင်းမှတစ်ဆင့် ထုတ်ပြန်ကြေညာခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၁၂၇ ဦး တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ခဲ့ကြောင်း သိရသည်။
ဘိုကလေး-စက်ဆန်း ကားလမ်း ဘိုကလေးမြို့အဝင်မှ ကျူးကျော်ဈေးဆိုင်များအား မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ရှင်းလင်း ဆောင်ရွက်
Aug 10,2020
မြို့နယ်သန့်ရှင်း သာယာလှပစေရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေး-စက်ဆန်း ကားလမ်း၊ ဘိုကလေးမြို့အဝင်မှ ကျူးကျော်ဈေးဆိုင်များအား ယနေ့နံနက် ၁၀ နာရီတွင် မြို့နယ် စည်ပင်သာယာရေး အဖွဲ့မှ ရှင်းလင်း ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြသည်။
ဟိုပုံးမြို့နယ်တွင် ရွေးကောက်ပွဲ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ
Aug 10,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည်ဖြစ်ရာ မဲဆန္ဒရှင်များ၏ မဲစာရင်းများကို သက်ဆိုင်ရာရပ်ကွက်ကော်မရှင် အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာပေးလျက်ရှိသည်။
ရွှေပြည်သာမြို့နယ်တွင် ၂၀၁၉-၂၀၂၀ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် (၂၉.၉၆)ရာခိုင်နှုန်း အောင်မြင်
Aug 10,2020
ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင်၊ရွှေပြည်သာမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် မတ်လတွင် ကျင်းပခဲ့သော တက္ကသိုလ်စာမေးပွဲတွင် ရွှေပြည်သာမြို့နယ်မှ