နမ့်စန်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ၃၁၆ ဦး အောင်မြင် ၊ ၁ ဘာသာ ဂုဏ်ထူးရှင် (၅၉)ဦး ပါရှိ
Aug 10,2020
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်တွင်၂၀၂၀ပြည့်နှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အောင်စာရင်းများကို ဩဂုတ်လ ၁၀ ရက် နံနက် ၆နာရီက နမ့်စန် အ.ထ.က စာစစ်ဌာနနှင့် ခိုလမ် အ.ထ.က စာစစ်ဌာနတို့တွင် ထုတ်ပြန်ကြေငြာခဲ့ရာ နမ့်စန်မြို့နယ်နှင့် ခိုလမ်မြို့အတွင်းရှိ အခြေခံပညာ အထက်တန်းအဆင့် ကျောင်း(၆)ကျောင်းနှင့် ကိုယ်ပိုင် အထက်တန်း ကျောင်း(၁) ကျောင်း တို့မှ ကျောင်းသားကျောင်းသူများနှင့် ပြင်ပဖြေဆိုသူများအပါအဝင် စုစုပေါင်း ၁၁၄၅ ဦးဖြေဆိုခဲ့ပြီး ၃၁၆ ဦး အောင်မြင်ခဲ့ကြောင်း သိရသည်။