သတင်းများ

၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကန်ကြီးထောင့်မြို့နယ်မှ ဂုဏ်ထူးရှင် ၃၂၈ ဦးထွက်ပေါ်
Aug 10,2020
၂၀၂၀ ပြည့်နှစ် ၊တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ဩဂုတ် ၉ ရက် ၊ နံနက် ၁၂ နာရီ ၃၀ မိနစ်မှစ၍ အွန်လိုင်းမှတစ်ဆင့် ထုတ်ပြန်‌ခဲ့ပြီးနောက် ဩဂုတ် ၁၀ ရက်၊ နံနက် ၉ နာရီမှစတင်ကာ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ စာစစ်ဌာန ၉ ခုတွင် အောင်စာရင်းများကို ကပ်ထား‌ကြေညာပေးထားခဲ့ပါသည်။
တွန်းဇံ၌ သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားကွင်းဆင်းဆောင်ရွက်ပေး
Aug 10,2020
ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်၊ တုန်းတွောင်ကျေးရွာတွင် ယနေ့ နံနက်(၁၁)နာရီအချိန်တွင် သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။
၂၀၂၀ပြည့်နှစ်၊ မတ်လ တက္ကသိုလ်ဝင်စာမေးပွဲတွင် တနင်္သာရီမြို့နယ်တွင် စာစစ်ဌာန (၄) ခုမှ (၁၈၅၃) ဦးဖြေဆိုရာ (၃၅၉) ဦး အောင်မြင်သဖြင့် အောင်ချက် (၁၉ဒသမ၃၇) ရာခိုင်နှုန်း ရရှိခဲ့
Aug 10,2020
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်အတွင်း ၂၀၂၀ ပြည့်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန (၄) ဌာနမှ ကျောင်းသား၊ ကျောင်းသူပေါင်း (၁၈၅၃) ဦး ဝင်ရောက်ဖြေဆိုရာ တနင်္သာရီမြို့နယ်မှ ကျောင်းသူ၊ ကျောင်းသား (၃၅၉) ဦး အောင်မြင်ခဲ့ကြောင်း သိရှိရသည်။
ပြင်ဦးလွင်ခရိုင် လူငယ်ရေးရာကော်မတီ၏ စတုတ္ထအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Aug 10,2020
ပြင်ဦးလွင်ခရိုင်၊ လူငယ်ရေးရာကော်မတီ၏ စတုတ္ထအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ချင်းပြည်နယ် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကိုဗစ် - ၁၉ စီးပွားရေး ကုစားမှု အစီအစဉ်ဖြင့် လူသုံးကုန် လက်တွေ့လုပ်ငန်းခွင်သင်တန်း (၂/၂၀၂၀) ကို ဟားခါးမြို့၌ ဖွင့်လှစ်
Aug 10,2020
ချင်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကိုဗစ် - ၁၉ စီးပွားရေးကုစားမှု အစီအစဉ်ဖြင့် လူသုံးကုန် လက်တွေ့လုပ်ငန်းခွင် (၂/၂၀၂၀) သင်တန်းကို ယနေ့နံနက် ၁၀ နာရီက ဟားခါးမြို့စျေးသစ် ရပ်ကွက်ရှိ ကာရာနီ ဘုရားကျောင်း၌ ကျင်းပသည်။
မြစ်သားမြို့တွင် "Reorientation Training For PHS2 Through Mobile Tablets" မြို့နယ်အဆင့် မွမ်းမံသင်တန်းဖွင့်လှစ်
Aug 10,2020
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ " Reorientation Training For PHS2 Through Mobile Tablets " မြို့နယ်အဆင့် မွမ်းမံသင်တန်းကို ယနေ့နံနက် (၉) နာရီက မြို့နယ်ပြည်သူ့ဆေးရုံသင်တန်းခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ပန်းဘဲတန်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်ရာခိုင်နှုန်း ၂၆.၁၉ ရာခိုင်နှုန်းရှိ
Aug 10,2020
ပန်းဘဲတန်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အောင်မြင်မှုရာခိုင်နှုန်း ၂၆.၁၉ ရာခိုင်နှုန်းဖြင့် အောင်မြင်ကြောင်း သိရှိရပါသည်။ ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာ‌‌မေးပွဲကို ပန်းဘဲတန်းမြို့နယ်မှ ကျောင်းတွင်း ဖြေဆိုသူ (၉၁)ဦး၊
မင်္ဂလာဒုံမြို့နယ်၌ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာ‌မေးပွဲ‌တွင် ၆ ဘာသာဂုဏ်ထူးရှင် (၁၃)ဦး အပါအဝင် (၂၀၉၂) ဦး ဖြေဆိုအောင်မြင်
Aug 10,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၌ ကိုဗစ်−၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး ကာလအတွင်း ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်းများကို ယမန်နေ့ နံနက်ပိုင်းကစ၍ ပညာရေးဝန်ကြီးဌာန online website များတွင် ထုတ်ပြန်ကြေညာ‌ခဲ့သည်။