သတင်းများ

သရက်ချောင်းမြို့ရှိ အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းသို့ တိုင်းကြက်ခြေနီတပ်ဖွဲ့မှ လက်သန့်ဆေးရည် (Hand Gel) များ လာရောက်လှူဒါန်း
Aug 10,2020
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် မြို့နယ်ခန်းမဆောင်ရှိ အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းသို့
ချောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးစာစောင်နှင့် ပိုစတာများပြသ
Aug 10,2020
မကွေးခရိုင်၊ ချောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး စာစောင်နှင့် ပိုစတာများ ပြသ ထားလျက်ရှိကြောင်း သိရသည်။
ခရမ်းမြို့နယ်တွင်၂၀၂၀ပြည့်နှစ်အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများ ထုတ်ပြန်ကြေညာမှုအား မြို့နယ်ကော်မရှင်အဖွဲ့မှကွင်းဆင်းကြည့်ရှု
Aug 10,2020
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းပိုင်းခရိုင် ခရမ်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသော မဲဆန္ဒရှင်စာရင်းများကို ဇူလိုင် ၂၅ရက်နေ့ နံနက်ပိုင်းမှစတင်ကာ မြို့နယ် အတွင်းရှိ ရပ်ကွက်/ကျေးရွာရွေးကောက်ပွဲကော်မရှင်
ကန်ပက်လက်၌ အသက်(၅)နှစ်အောက် ကလေးများအား ပုံမှန်ကာကွယ်ဆေး တိုက်ကျွေး
Aug 10,2020
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းတွင် အသက် (၅)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးခြင်းကို ယနေ့ နံနက် (၉)နာရီတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်တွင် လွှတ်တော်ကိုယ်စားလှယ်လောင်းများစိစစ်မှုကော်မတီဖွဲ့စည်းခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Aug 10,2020
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ကြီးမှူးကျင်းပသော လွှတ်တော် ကိုယ်စားလှယ်လောင်းများ စိစစ်မှု ကော်မတီ ဖွဲ့စည်းခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဩဂုတ် ၁၀ ရက် နံနက် ၁၀ နာရီက ကန့်ဘလူမြို့နယ် အထွေထွေ အုပ်ချုပ် ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ညောင်လေးပင်မြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများပိုမိုပြည့်စုံမှန်ကန်စေရန်  ၇ ရက်တိုးမြှင့် ကပ်ထား ကြေညာ
Aug 10,2020
၂၀၂၀ပြည့်နှစ် ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများကို သတ်မှတ်ပုံစံ အတိုင်း ဇူလိုင် ၂၅ရက်နေ့ မှ
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့တွင် ချင်းတွင်းမြစ်ရေ တစ်ပေကျော်တိုး
Aug 10,2020
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့တွင် ချင်းတွင်းမြစ်ရေ၏ စိုးရိမ်ရေမှတ်သည် ၁၃၆၀ စင်တီမီတာရှိရာ ယနေ့နံနက် ၆ နာရီခွဲတိုင်းထွာချက်အရ မိုးရေချိန် ၁ ဒသမ ၃၈ လက်မရှိပြီး ချင်းတွင်းမြစ်ရေ ၈၈၃ စင်တီမီတာ ရှိကြောင်းနှင့် မွန်းလွဲ ၁၂ နာရီခွဲ တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေ ၉၁၉ စင်တီမီတာရှိပြီး တစ်ပေကျော်တိုး လာကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ တိုင်းထွာရေး(၄) ဦးဂျွန်တူးအောင်၏ ပြောပြချက် အရသိရသည်။