သတင်းများ

ခိုင်ကမ်းမြို့တွင် အခြေခံငါးမွေးမြူရေးပညာပေးသင်တန်း ဒုတိယအကြိမ် ဖွင့်လှစ်ပို့ချ
Aug 07,2020
ချင်းပြည်နယ် ဖလမ်းခရိုင် တီးတိန်မြို့နယ် ခိုင်ကမ်းမြို့တွင် ပြည်နယ်အတွင်း ငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ဒေသနေပြည်သူများ ငါးစားသုံးမှု ဖူလုံစေရန် ရည်ရွယ်ပြီး အခြေခံငါးမွေးမြူရေးသင်တန်းကို ယနေ့နံနက် ၈ နာရီက ပြည်နယ်ငါးလုပ်ငန်းစခန်း (ခိုင်ကမ်း)၌ ဖွင့်လှစ်ခဲ့သည်။
တန့်ဆည်မြို့ စည်ပင်သာယာဈေး အမှတ်(၁)နှင့် အမှတ်(၂)ဈေးတို့တွင် ပလပ်စတစ် အသုံး လျော့ချရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ
Aug 07,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့၌ ပလပ်စတစ် (ကြွပ်ကြွပ်အိတ်) အသုံးပြုမှု လျော့ချနိုင်ရေးနှင့် သုံးစွဲမှုမပြုရေး အသိပညာပေး လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်း (၇) နာရီအချိန်တွင် မြို့နယ်စည်ပင်သာယာဈရေးကော်မတီက အမှတ်(၁)နှင့် အမှတ်(၂)ဈေး တို့တွင် ဖြန့်ဝေပေးခဲ့သည်။
တနိုင်းမြို့နယ်ရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စု(၇၃၅၂)စုအား ဒုတိယအကြိမ် ထောက်ပံ့ငွေများ ပေးအပ်
Aug 07,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း ပုံမှန်ဝင်ငွေမရရှိသော အခြေခံလူတန်းစားများ စားဝတ်နေရေး အခက်အခဲမရှိစေရေး အတွက် အခြေခံစားသောက်ကုန်ပစ္စည်(၅)မျိုး ထောက်ပံ့ပေးအပ်ပေးအပ်ခဲ့ပြီးဖြစ်ရာ အကြောင်း မျိုးမျိုးကြောင့် ကျန်ရှိခဲ့သည့် အိမ်ထောင်စုများအား တစ်အိမ်ထောင်လျှင် ငွေကျပ်(၁၅,၀၀၀)နှုန်းဖြင့် ပြန်လည်ထောက်ပံ့ပေးအပ်ခဲ့ပြီး ယခုအခါ ဒုတိယအကြိမ်အဖြစ် နိုင်ငံတော်အစိုးရမှ တစ်အိမ်ထောင်လျှင် ငွေကျပ် (၂၀,၀၀၀) နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၁၄၇,၀၄၀,၀၀ဝိ/-)သိန်းကို အိမ်ထောင်စု (၇၃၅၂)စုအား ပြန်လည်ထောက်ပံ့ပေးအပ်ခဲ့သည်။
ဒလမြို့နယ်တွင် ယာဉ်အန္တရာယ်ကင်းရှင်းရေး ၂၀၂၀ခုနှစ် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေသစ် ပညာပေး
Aug 07,2020
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်တွင် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ မြို့မရဲစခန်းနှင့် အမှတ်(၅၉)ယာဉ်ထိန်းရဲ တပ်ဖွဲ့စုမှူးရုံးတို့ ပူးပေါင်း၍ မြို့လယ်ကောင် နာရီစင်အဝိုင်းတွင် ၂၀၂၀ ခုနှစ် မော်တော်ယာဉ် စီမံခန့်ခွဲမှုဥပဒေသစ်နှင့် ပတ်သက်ပြီး ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် ယာဉ်မောင်းနှင်သူများကို အသိပညာပေးခြင်းနှင့် လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းတို့ကို ယနေ့ နံနက် ၉ နာရီက ပြုလုပ်ခဲ့ကြောင်းသိရသည်။
စေတုတ္တရာမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ကိုဗစ်-၁၉ အထူးချေးငွေ ကျပ်သိန်း(၁၉၀၀)ကျော် ထုတ်ချေးနိုင်ခဲ့
Aug 07,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ကိုဗစ်-၁၉ အထူးချေးငွေအနေဖြင့် တောင်သူဦးရေ(၁၁၂၉)ဦးအား ကျပ်သိန်း (၁၉၀၀)ကျော် ထုတ်ချေးနိုင်ခဲ့ကြောင်း သိရသည်။
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သိုင်းငင်းကျေးရွာ တီးတိန်-ကလေး ကားလမ်းအနီးတွင် မြေပြိုမှုဖြစ်ပွား
Aug 07,2020
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်တွင် ယမန်နေ့က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သိုင်းငင်းကျေးရွာ တီးတိန်-ကလေး ကားလမ်းအနီး မိုင်တိုင် အမှတ် ၃၀/၂ နှင့် ၃၀/၃ အ​ကြားတွင် ပေ ၃၀၀ ခန့်မြေပြိုမှု ဖြစ်ပွားကြောင်း သိရသည်။
လှိုင်မြို့နယ်ရှိရပ်ကွက်များတွင် တစ်လနှင့်အထက်‌ နေထိုင်သူများ သတင်းပို့ရေးနှင့်မဲစာရင်းများလာရောက်ကြည့်ရှု​ရေး လိုက်လံနှိုးဆော်
Aug 07,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့ နယ်ရှိရပ်ကွက်များတွင်ရပ်ကွက် အတွင်း၌တစ်လနှင့်အထက်နေထိုင် သူများအားရပ်ကွက် အုပ်ချုပ်‌ရေးမှူးရုံးသို့ သတင်း‌​ပေးပို့ရန်နှင့်မဲစာရင်း များလာရောက်ကြည့်ရှူကြရန်ယမန်နေ့ နံနက်ပိုင်းကစ၍ လိုက်လံ၍
၂၀၂၀-၂၀၂၁ ပညာသင်နှစ် မြစ်ကြီးနားမြို့၌ အခြေခံပညာ အထက်တန်းကျောင်းများတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ပညာသင်ကြား
Aug 07,2020
၂၀၂၀- ၂၀၂၁ ပညာသင်နှစ် မြစ်ကြီးနားမြို့၌ အခြေခံပညာ အထက်တန်းကျောင်းများတွင် ကိုဗစ် - ၁၉ ရောဂါ ထိန်းချုပ် ကာကွယ် ကုသရေး လုပ်ငန်းများ ဆောင်ရွက်နေစဉ်အတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ပညာသင်ကြားလျက် ရှိကြောင်း သိရှိရသည်။