သတင်းများ

လှိုင်မြို့နယ်တွင် ခြင်ထောင်ဆေးစိမ်ခြင်းလုပ်ငန်းနှင့် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများဆောင်ရွက်
Aug 06,2020
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများနှင့်မြို့နယ် စည်ပင်သာယာရေး ကော်မတီဝန်ထမ်းများသည်လှိုင်မြို့နယ်ရှိ ရပ်ကွက်များ၌​ဆောင်ရွက် လျက်ရှိရာယ​နေ့ နံနက်၈နာရီ ကစ
စစ်ကိုင်းတိုင်းဒေသကြီး မြင်းမူမြို့နယ် ပျော့ရွာကျေးရွာအနီး လိုက်ထရပ်ယာဉ်တိမ်းမှောက်မှုဖြစ်ပွား
Aug 06,2020
စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်၊ ပျော့ရွာကျေးရွာအနီး ယနေ့ နေ့လယ်ပိုင်းက လိုက်ထရပ်ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သိရသည်။
အင်္ဂပူမြို့နယ်၌ ဈေးများတွင် အာဖရိကဝက်အပြင်းဖျားရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ အသိပညာပေးပိုစတာများ စိုက်ထူ
Aug 06,2020
အင်္ဂပူမြို့နယ် စည်ပင်သာယာရေးကော်မတီပိုင် စျေးများအတွင်းရှိ ဝက်သားဆိုင်များတွင် ယနေ့ နံနက်ပိုင်းတွင် အာဖရိကဝက်အပြင်းဖျား ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ အသိပညာပေး ပိုစတာများအား မြို့နယ်စည်ပင်သာယာ‌ ရေးကော်မတီအဖွဲ့နှင့် မြို့နယ်မွေးမြုရေးနှင့် ကုသရေးဦးစီးဌာန တို့ပူးပေါင်းပြီး စိုက်ထူခဲ့ကြောင်းသိရသည်။
လွိုင်ကော်မြို့၌ ကိုဗစ်−၁၉ ချေးငွေ ဒုတိယအကြိမ် ချထားမှုအတွက် လိုအပ်သည့် အချက်အလက်များ ရှင်းလင်း
Aug 06,2020
ကယားပြည်နယ် လွိုင်ကော်မြို့၌ COVID- 19 ချေးငွေ ဒုတိယအကြိမ် ချထားမှုအတွက် လိုအပ်သည့် အချက်အလက်များ
ရွှေကူမြို့၌ ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး လက်ကမ်း စာစောင်များဖြန့်ဝေ
Aug 06,2020
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ရွှေကူမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံအထွေထွေ ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်ပြည်သူများ သိရှိနိုင်ရန် အသိပညာပေးလက်ကမ်းစာစောင်များ ကို ယနေ့ နံနက် ၈ နာရီတွင် ရွှေကူမြို့ စည်ပင်သာယာရေးစျေးများနှင့် လူစည်ကားရာ နေရာများ၌ ဖြန့်ဝေခဲ့ကြောင်း သိရှိရသည်။
ကလိန်အောင်မြို့၌ (၂၀၂၀) ပြည့်နှစ် ရွေးကောက်ပွဲဆိုင်ရာသိကောင်းစရာများအကြောင်း အသိပညာပေးနံရံကပ်စာစောင်ပြသ
Aug 06,2020
(၂၀၂၀) ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲဆိုင်ရာသိကောင်းစရာများအကြောင်းကို ပြည်သူများ အလွယ်တကူ သိရှိလိုက်နာဆောင်ရွက်နိုင်စေနိုင်ရန်ရည်ရွယ်၍ ယနေ့နံနက် (၁၀) နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြေစိုက်ဘုတ်တွင် ရွေးကောက်ပွဲဆိုင်ရာသိကောင်းစရာများအကြောင်း အသိပညာပေးစာစောင်များကို ပြသခဲ့သည်။
ဇလွန်မြို့နယ်တွင် ဧရာဝတီမြစ်ရေတိုက်စားပြီး မြစ်ကမ်းပါးပြိုကျမှုကြောင့် လူနေအိမ်(၁၉)လုံးနှင့် ဓမ္မာရုံ (၁) ခုကြိုတင်ဖျက်သိမ်းပြောင်းရွှေ့
Aug 06,2020
ဧရာဝတီတိုင်းဒေသကြီး ၊ ဇလွန်မြို့နယ် ကြာအင်းကျေးရွာအုပ်စု စိန်ကလေးကျေးရွာနှင့် ညောင်ပင်သာကျေးရွာအုပ်စု ညောင်ပင်သာကျေးရွာတို့တွင် ယနေ့နံနက် ၅ နာရီအချိန်မှ ၁၁ နာရီအချိန်အတွင်း ဧရာဝတီမြစ်ရေတိုက်စားပြီး မြစ်ကမ်းပါး ပြိုကျမှုကြောင့် လူနေအိမ်(၁၉)လုံးနှင့် ဓမ္မာရုံ (၁) ခုကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ကြောင်း သိရသည်။