အမြို့မြို့အနယ်နယ်သတင်းများ

Nov 06,2020
ရန်ကုန်တိုင်းဒေသကြီး ၊မြောက်ပိုင်းခရိုင် ၊လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက်  အလယ်ကျေးရွာ (မြေတိုင်း ၂၂)တွင် ယာယီမဲရုံပြင်ဆင်ထားရှိမှုအခြေအနေများအား ယနေ့နံနက် ၁၁ နာရီက တာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေးသည်။
Nov 06,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့၌ (၂၀၂၀)ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ကျန်းမာရေးလမ်းညွှန်ချက်နှင့်အညီ အောင်မြင်စွာ ပြုလုပ်ကျင်းပနိုင်ရေးအတွက် မြို့မဲရုံများ၌ စေတနာဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ကြမည့် (Volunteer)များအား မြို့ကျန်းမာရေးဌာနမှ ကျန်းမာရေးဆိုင်ရာသိကောင်းစရာများကို ယနေ့ နံနက်ပိုင်းက မြို့အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝးခန်းမ၌ သင်တန်းများပို့ချလျက်ရှိသည်။
Nov 06,2020
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့ရှိ ဒေသခံပြည်သူများအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်လျက်ရှိပြီး ရွှေအေးမြိုင်ကျေးရွာတွင် စိုက်ပျိုးထားသော ကျောက်စိမ်း ငရုတ်သီးစိုက်ခင်းများမှာ ဖြစ်ထွန်းအောင်မြင်လျက်ရှိသည်။
Nov 06,2020
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ လွယ်လင့်တကူ မဲဆန္ဒပေးနိုင်ရေးအတွက် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောမောင်ဗွေ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသီဟန်နှင့် ရဲတပ်ဖွဲ့ဝင်များ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးမျိုးမင်းဆွေနှင့် တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းတွင် ဆီဆိုင်မြို့နယ် တဘက်ကျေးရွာအုပ်စုရှိ မဲရုံ(၄)ရုံနှင့် နောင်ကျောကျေးရွာအုပ်စုရှိ မဲရုံ(၂)ရုံတို့၌ ကြိုတင်ပြင်ဆင်ထားမှုတို့ကို လှည်လည်ကြည့်ရှုစစ်ဆေးကြသည်။
Nov 06,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် နမ့်လန်ကျေးရွာအုပ်စု၊ နမ့်လန်ကျေးရွာ နယ်မြေမီးသတ်စခန်းမှ ကျေးရွာနေ ပြည်သူများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်စေရေးအတွက် လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များကို ယမန်နေ့ ညနေပိုင်းက ကျေးရွာလမ်းများ တစ်လျှောက် မီးသတ်ကားဖြင့် လှည့်လည် အသိပညာပေး နှိုးဆော်ခြင်းကို ဆောင်ရွက်ခဲ့ကြသည်။
Nov 06,2020
ရှမ်းပြည်နယ်၊ အင်တောမြို့၊ တိုက်နယ်ကျန်းမာရေးဌာနတွင် ယနေ့ နံနက် ၉ နာရီက အသက် (၁)နှစ်ခွဲအောက် ကလေးသူငယ်များအား ပုံမှန်ကာကွယ်ဆေးတိုက်ကျွေး၊ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Nov 06,2020
ပုသိမ်မြို့နယ်၊ အမှတ် ၁၀ နယ်မြေ၊ စက်ကုန်းရပ်တွင် နှစ်ပေါင်းကြာမြင့်စွာ စီးပွားဖြစ်စိုက်ပျိုးရေး လုပ်ငန်းကိုသာ လုပ်ကိုင်လျက်ရှိသော ဦးသိန်းငွေ ပိုင်ဆိုင်သည့် စိုက်ဧကတစ်ဧကခွဲတွင် စားပင်သီးနှံများ အပြင် ပန်းစိုက်ခင်းများကိုပါ စိုက်ပျိုး၍ စီးပွားဖြစ်အောင်မြင်လျက်ရှိကြောင်းသိရသည်။
Nov 06,2020
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံး၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အတွက် မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများမှ မဲရုံများအတွက် မဲရုံသုံးပစ္စည်းများ ထုတ်ပေး ခြင်းကို ယနေ့နံနက်ပိုင်းအချိန်က စတင်ကာထုတ်ပေးနေကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးချိုဦးထံကသိရသည်။