Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
သိန္နီမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်ဖြင့် RsCs မျိုးစေ့ထုတ် DU12 စိုက်ခင်းစံကွက်ရိတ်သိမ်းခြင်း ကွင်းသရုပ်ပြပွဲ ဆောင်ရွက်
Nov 06,2020
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်၊ မိုင်းလီကျေးရွာအုပ်စု၊ မိုင်းလီကျေးရွာ၌ ယမန်နေ့ မွန်းလွဲပိုင်းအချိန်က ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်ဖြင့် စိုက်ပျိုးထားရှိသော မိုးစပါး Rs-Cs မျိုးစေ့ထုတ် DU-12 စိုက်ခင်း(၅၀)ဧကရှိ တောင်သူဦးစိုင်းအောင်ဖေ၏ လယ်မြေဧကတွင် မိုးစပါးအထွက်နှုန်း မှန်ကန်စေရေးအတွက် (၀.၁၀)ဧကအား စံကွက်ရိတ်သိမ်းခြင်း လုပ်ငန်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မလှိုင်မြို့နယ်၌ မဲရုံများပြင်ဆင်ထားရှိမှု ကွင်းဆင်းစစ်ဆေး
Nov 06,2020
၂ဝ၂ဝပြည့်နှစ်၊ နိုဝင်ဘာ(၈) ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံများကြိုတင်ပြင်ဆင်ထားရှိမှုအခြေအနေကို မြိုနယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအဖွဲ့ ဝင်များ အုပ်စု(၆)ဖွဲ့ခွဲပြီး ယမန်နေ့ နံနက်ပိုင်းမှစတင်၍ ကွင်ဆင်းစစ်ဆေးခဲ့ကြောင်းသိရသည် ။
အပြည့်အစုံ ဖတ်ရန်
တန့်ယန်းမြို့နယ်တွင် အသက်(၆၀)နှစ်အထက် ကြိုတင်မဲပေးနိုင်ရေး အိမ်တိုင်ရာရောက် ဆောင်ရွက်ပေး
Nov 06,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၂၀၂၀-ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီး၌ ကြိုတင်ဆန္ဒမဲပေးခွင့်ရှိသူများသည် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများသို့ ကြိုတင်ဆန္ဒမဲများကို လာရောက်ပေးလျက်ရှိကြရာ အမှတ်(၃)ရပ်ကွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးအား မလာရောက်နိုင်သော အသက်(၆၀)နှစ်နှင့်အထက် သက်ကြီးအဖိုးဖွားများ၊ ကျန်းမာရေးချို့တဲ့သူများကို ကြိုတင်ဆန္ဒမဲပေးနိုင်ရေးအတွက် အမှတ်(၃)ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲက ယမန်နေ့ ညနေပိုင်းက အိမ်တိုင်ရာရောက် ဆောင်ရွက် ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မူဆယ်ခရိုင်၊ တာမိုးညဲမြို့၌ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် မဲရုံများအား ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေး
Nov 06,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ တာမိုးညဲမြို့၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် မဲရုံများကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် ကျန်းမာရေးလမ်းညွှန်ချက်နှင့်အညီ စနစ်တစ်ကျ ပြင်ဆင်ထားရှိမှု အခြေအနေများကို ယနေ့၊ နံနက်ပိုင်းအချိန်မှ စတင်၍ တာဝန်ရှိသူများက လိုက်လံကွင်းဆင်းစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန်
ဂန့်ဂေါခရိုင်ထီးလင်းမြို့၌ရန်ကုန်မြို့သို့ ကိုဗစ်-၁၉ရောဂါ တုံ့ပြန် ကာကွယ်ရေးဆိုင်ရာ လုပ်ငန်း များဆောင်ရွက်ရန် သွားရောက်မည့် ကြက်ခြေနီစေတနာ လုပ်အားရှင်များအားဂု…
Nov 06,2020
မြန်မာနိုင်ငံကြက်ခြေနီအသင်း၏တာဝန်ပေးချက်အရ မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ်မှ ရန်ကုန်မြို့သို့ COVID-19 တုံ့ပြန် ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ရန် သွားရောက်မည့် ကြက်ခြေနီစေတနာ လုပ်အားရှင်များအားဂုဏ်ပြု ချီးမြှင့်ခြင်း ကို ယနေ့ နံနက် ၁၀ နာရီက ထီးလင်းမြို့ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေး ခန်းမ ၌ ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ပါးစပ်၊ နှာခေါင်းစည်း (Mask)များ တပ်ဆင်ရေး စစ်ဆေးမှုများ အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်
Nov 06,2020
ကိုဗစ်-၁၉ ရောဂါကူးစက်မှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ပါးစပ်၊ နှာခေါင်းစည်း (Mask) မတပ်သူများအား စစ်ဆေးအရေးယူခြင်းကို ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တွင် ယနေ့ နံနက် ၈ နာရီက မြို့နယ်အတွင်းရှိ (၄၃)ရပ်ကွက်၊ ဗိုလ်မင်းရောင်လမ်းနှင့် (၄၈)ရပ်ကွက်၊ ဖြိုးစပယ်စျေးတို့တွင် စစ်ဆေးအရေးယူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မေတ္တာမြို့၊ ကလစ်ကြီးကျေးရွာရှိ ယာယီမဲရုံ ပြင်ဆင်ဆောက်လုပ်နေမှုကို ကွင်းဆင်းကြီးကြပ်
Nov 06,2020
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပမည့် နိုဝင်ဘာလ ၈ ရက်နေ့၌ တည်ငြိမ်အေးချမ်းစွာ ဆန္ဒမဲပေးနိုင်ရေး ကလစ်ကြီးကျေးရွာ၊ ယာယီမဲရုံ ပြင်ဆင်ဆောက်လုပ်နေမှုအား ယမန်နေ့ မွန်းလွဲပိုင်းက ကွင်းဆင်းကြီးကြပ်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သထုံခရိုင် ဘီးလင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များက မြို့နယ်အတွင်း ရှိကျေးရွာများ၌ မဲရုံများကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများအား က…
Nov 06,2020
သထုံခရိုင်၊ ဘီးလင်းမြို့နယ်တွင် ၂၀၂၀ ပြည်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံများကြိုတင်ပြင်ဆင်ဆောင်ရွက်ထာရှိမှု အခြေအနေ များကို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်များဖြစ်သော စည်ပင် သာယာ ရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးသိန်းသန်းစိုး၊ စာရင်းစစ်ရုံး ဦးစီးအရာရှိ ဒေါ်အေးအေးမော်၊ ပြန်ကြးရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးမျိုးမျိုးစံတို့ကယနေ့ နံနက်ပိုင်းက မဲရုံများ ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားရှိမှု အခြေအနေများကို ကြည့်ရှု့ စစ်ဆေးခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28345
Page
28346
Page
28347
Page
28348
Current page
28349
Page
28350
Page
28351
Page
28352
Page
28353
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department