အမြို့မြို့အနယ်နယ်သတင်းများ

Nov 05,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့၊ အထက ကျောင်းခန်းမ၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်မိဘပြည်သူများ အဆင်ပြေပြေ ဆန္ဒမဲ ပေးနိုင်ရေးအတွက် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ ဆင့်ပွားသင်တန်းကို ယနေ့ နံနက်(၉)နာရီအချိန်က ပြုလုပ်ခဲ့သည်။
Nov 05,2020
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် နိုဝင်ဘာလ ၅ ရက်၊ နံနက်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးဆောင်၍ မြေနီကုန်းကျေးရွာ၊ ကွင်းအမှတ် ၆၄၆ ရှိ စိုက်ပျိုးရေးဦးစီးဌာန၏ မိုးစပါးစိုက်ခင်း၌ စံကွက် ရိတ်သိမ်းခြင်းကို ပြုလုပ်ခဲ့သည်။
Nov 05,2020
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ်အတွင်းရှိ မဲရုံများ၌ အသုံးပြုမည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများကို ယမန့်နေ့မှစတင်၍ တာဝန်ရှိသူများက ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် စာရေးများထံသို့ ထုတ်ပေးခဲ့ကြောင်း သိရသည်။
Nov 05,2020
ကရင်ပြည်နယ်​ ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့​ ကျေးလက်ကျန်းမာ​ရေးဌာနတွင် ယမန်နေ့နံနက်၉နာရီက အသက်(၂)လမှ(၁)နှစ်ခွဲ အထိ ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
Nov 05,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရပ်ကွက်နှင့်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး၌ ဆန္ဒမဲ လာရောက်မပေးနိုင်သူများအား နိုဝင်ဘာလ ၅ ရက်နေ့ နေ့လယ် (၁) နာရီအချိန်ခန့်က ရပ်ကွက်များအတွင်းသို့ အိမ်တိုင်ရာရောက် ကြိုတင်ဆန္ဒမဲပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Nov 05,2020
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ မဲရုံများတွင် အသုံးပြုမည့် မဲပုံးများနှင့် မဲရုံသုံးပစ္စည်းများကို ယနေ့နံနက်ပိုင်းမှ စတင်ပြီး ရန်ကုန်တောင်ပိုင်းခရိုင်၊ ကျောက်တန်း မြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများထံသို့ ထုတ်ပေးလျက်ရှိ ကြောင်း သိရသည်။
Nov 05,2020
​မော်လမြိုင်ခရိုင် ကျိုက်မ​ရောမြို့နယ်တွင် ၂၀၁၉ခုနှစ်အတွင်း သဘာဝ​ဘေးအန္တရာယ် ​ရေကြီးနစ်မြှုပ်မှု ​ကြောင့်ပျက်စီးခဲ့​သော စိုက်ပျိုးသီးနှံပင်များ၊ ထိခိုက်ခဲ့​သော ​တောင်သူအိမ်​ထောင်စုများအား ကိုဗစ်-၁၉ ​ရောဂါကာလအတွင်းစီးပွား​ရေး အဆင်​ပြေ​စေရန်အတွက် ကုလသမ္မဂ္ဂစားနပ်ရိက္ခာနှင့်စိုက်ပျိုး​ရေးအဖွဲ့(FAO)မှ စိုက်ပျိုး ​ရေးသွင်းအားစုပစ္စည်းများနှင့် ကျန်းမာ​ရေးသုံးပစ္စည်းများ​ထောက်ပံ့​ပေးအပ်ပွဲကို ယမန်​နေ့​နေ့လည် ၁နာရီက ​ကော့က​လော့​ကျေးရွာ၌ပြုလုပ်ခဲ့သည်။