Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ မဲရုံ ၁၃၉ ရုံသို့ ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများ ဖြန့်ဝေပေး
Nov 05,2020
ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်ခရိုင် ၊ ကန်ကြီးထောင့်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် မဲရုံ ၁၃၉ ရုံ၌ တာဝန်ထမ်းဆောင်ကြမည့်သူများနှင့် မဲဆန္ဒရှင်ပြည်သူများထံဖြန့်ဝေရန် ကိုဗစ်-၁၉ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများကို ယမန်နေ့ နေ့လည် ၁၂ နာရီက မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ဧရာသီရိသုခခန်းမ၌ ဖြန့်ဝေပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြောင်းမြမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများ၌ မဲရုံများပြင်ဆင်ထားရှိမှု အခြေအနေများအား ကွင်းဆင်း ကြည့်ရှုစစ်ဆေး
Nov 05,2020
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ကျေးရွာအုပ်စုအသီးသီးရှိ မဲရုံများ ပြင်ဆင်ထားရှိမှု အခြေအနေ များအား ယမန်နေ့ညနေပိုင်း တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဇေယျာသီရိမြို့နယ်တွင် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Nov 05,2020
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပုသိမ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Nov 05,2020
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက ပုသိမ်ခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခမ်းတွင် ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
မြောင်းမြမြို့နယ်တွင် မဲရုံများဆောက်လုပ် ပြင်ဆင်နေမှု အခြေအနေအား ကွင်းဆင်းကြည့်ရှု
Nov 05,2020
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပ ပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံများ ဆောက်လုပ် ပြင်ဆင်နေမှု အခြေအနေကို ယမန်နေ့နံနက်ပိုင်းက မြစန္ဒာရပ်ကွက်တွင် မဲရုံအဖြစ်ဆောင်ရွက်မည့် အ.ထ.က(၇)ကျောင်း၊ မြဟေမာရပ်ကွက်တွင် မဲရုံအဖြစ် ဆောင်ရွက်မည့် အ.မ.က(၃)ကျောင်းနှင့် ကွယ်လွယ်ကျေးရွာအုပ်စုတွင် မဲရုံအသစ် ဆောက်လုပ်နေမှုတို့အား တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တန့်ယန်းမြို့နယ်တွင် အထွေထွေရွေးကောက်ပွဲကြီးအတွက် ဆန္ဒပြုမဲလက်မှတ်များ ထုတ်ပေး
Nov 05,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)တန့်ယန်းမြို့နယ်တွင် ၂၀၂၀-ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့၌ ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးအတွက် ဆန္ဒမဲပေးရာတွင် အသုံးပြုရန် မဲရုံသုံး ဆန္ဒပြု မဲလက်မှတ်များကို ယနေ့ နံနက်ပိုင်းက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒေးဒရဲမြို့၌ ဖွင့်လှစ်ထားသည့် Facility Quarantine Centre များသို့ အသိပညာပေး လက်ကမ်း စာစောင်များဖြန့်ဝေ
Nov 05,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ဖွင့်လှစ်ထားသည့် Facility Quarantine Centre များတွင် Quarantine ဝင်ရောက်လျက်ရှိသူများအား အသိပညာပေးလက်ကမ်း စာစောင်များကို ယမန်နေ့ နံနက် ၈ နာရီမှစ၍ ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျေးသီးမြို့နယ်တွင် အသက်(၂)လမှ (၁)နှစ်ခွဲအထိ ကလေးများ ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်ခြင်း ဆောင်ရွက်
Nov 05,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်တွင် အသက်(၂)လမှ(၁)နှစ် ခွဲအထိ လစဉ်ပုံမှန်ကာကွယ်ဆေး ဆေးထိုး/ဆေးတိုက်ခြင်းကို မိခင်နှင့်ကလေးစောင့်ရှောက်ရေး ကျန်းမာရေးဌာန၌ ယနေ့နံနက်( ၉ )နာရီခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28371
Page
28372
Page
28373
Page
28374
Current page
28375
Page
28376
Page
28377
Page
28378
Page
28379
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department