အမြို့မြို့အနယ်နယ်သတင်းများ

Nov 04,2020
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည်ဖြစ်ရာ အသက် ၆၀ နှစ်နှင့် အထက် သက်ကြီးရွယ်အိုများ၊မသန်စွမ်းသူများနှင့် နာမကျန်းသူများ လွယ်လင့်တကူ ကြိုတင်ဆန္ဒမဲ ပေးနိုင်ရေးအတွက် ပန်းတနော်မြို့နယ်အတွင်းရှိ ရပ်/ကျေး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များက ကြိုတင်ဆန္ဒမဲများကို နိုဝင်ဘာ ၂ ရက်နေ့မှ စတင်၍ လိုက်လံကောက်ယူလျက်ရှိရာ မဲဆန္ဒရှင်ပြည်သူများက ကြိုတင်ဆန္ဒမဲများပေးလျက်ရှိ ကြသည်။
Nov 04,2020
ဂန့်ဂေါမြို့နယ်အတွင်း ကိုဗစ် - ၁၉ ကုစားမှုအစီအစဉ်၏ ထောက်ပံ့မှုအစီအစဉ်အရ စိုက်ပျိုးထားသော ဆင်းသုခစပါး မျိုးစေ့ထုတ်စိုက်ခင်းများတွင် အထွက်နှုန်းခန့်မှန်း သိရှိနိုင်ရန်အတွက် စပါးစံကွက်ရိတ်သိမ်းခြင်း လုပ်ငန်း ကို နိုဝင်ဘာလဆန်းမှစတင်ကာ ဆောင်ရွက်နေကြပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုး‌ရေး ဦးစီးဌာနမှ သိရသည်။
Nov 04,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ပြည်သူများ မီးဘေးအန္တရာယ် ကင်းရှင်းစွာ ဆန္ဒမဲပေးနိုင်ရန် စီစဉ်ထားသော မဲရုံများအား မီးဘေးအန္တရာယ် လုံခြုံရေးအတွက် ဟင်္သာတခရိုင် မီးသတ်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးနောင်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးရန်လင်းထွဋ်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက ယနေ့နံနက် ၁၁ နာရီအချိန်ခန့်တွင် စစ်ဆေးခဲ့ကြကြောင်း သိရှိရသည်။
Nov 04,2020
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် နေ့စဥ်နံနက်(၇)နာရီကမြို့မဈေးကြီးအတွင်း ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ နှာခေါင်းစည်း(mask)တပ်ဆင်လာခြင်းမရှိသူများအား  အသိပညာပေးခြင်းနှင့် စည်းကမ်းလိုက်နာခြင်းမရှိသူများအား  ဒဏ်ကြေး ငွေပေးဆောင်စေခြင်းဖြင့် စည်းကမ်းလိုက်နာမှုရှိစေရန်‌ နေ့စဉ်ကြပ်မတ်စစ်‌ဆေးဆောင် ရွက်လျက်ရှိကြောင်း သိရသည်။
Nov 04,2020
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ညီနောင်အသင်းများက ကိုဗစ်ကပ်ရောဂါကာလ အတွင်းစားဝတ်နေရေးအဆင်ပြေစေရန်၊ သန့်ရှင်းလတ်
Nov 04,2020
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့ ရပ်ကွက်နှင့်ကျေးရွာများတွင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက ယမန်နေ့က မွေးကင်းစမှ (၂) နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား လစဉ်ပုံမှန် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းများကို ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Nov 04,2020
မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင် ၂၀၂ဝပြည့်နှစ်နိုဝင်ဘာလ၈ရက်နေ့၌ ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးတွင် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များကို အမှားအယွင်း မရှိ ဆောင်ရွက်နိုင်စေရေး ရှင်းလင်းဆွေးနွေးခြင်းနှင့် မဲရုံပြင်ဆင်စားရိတ်များထုတ်‌ပေးခြင်းကို ယမန်နေ့ ညနေ၃နာရီ ခွဲက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးအား ယာယီဖွင့်လှစ်ထားသော အောင်မြေသာစံမြို့နယ်၊ ပြည်ကြီး ရန်လုံရပ်ကွက်၊ အကွက်(၆၂)၊ ၁၆လမ်းနှင့်၈၆လမ်းထောင့်ရှိ အမြောက်တန်း သစ်လွင်ဓမ္မာရုံ၌ ဆောင်ရွက်ကြသည်။
Nov 04,2020
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ရှိ ဒေသခံပြည်သူများ၏ အဓိက စီးပွားရေးမှာ စပါးစိုက်ပျိုးထုတ်လုပ်မှုဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်အတွင်း တောင်သူများ စိုက်ပျိုးထားသော လယ်ယာစပါးများ ရိတ်သိမ်းနေချိန် ယခုရက်ပိုင်း၌ မိုးရွာသွန်းမှုကြောင့် တောင်သူများ စပါးရိတ်သိမ်းရန် အခက်ကြုံနေရကြောင်း သိရသည်။