အမြို့မြို့အနယ်နယ်သတင်းများ

Nov 03,2020
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ရေးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၈) ရက်နေ့၌ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ရပ်ကွက်၊ ကျေးရွာအုပ်စုရှိ မဲရုံအသီးသီးတို့တွင် ပြည်နယ်အစိုးရအဖွဲ့ဝင်၊ အတွင်းရေးမှူး၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်နယ်အုပ်ချုပ်ရေးမှူး  ဦးကျော်သူဇော်နှင့် အဖွဲ့သည် ယမန့်နေ့ နံနက် (၁၀) နာရီကျော်ခန့်က သက်ဆိုင်ရာတာဝန် ကျမဲရုံ မှူး၊ ဒုမဲရုံမှူးများနှင့် မဲရုံအဖွဲ့ဝင် ဆရာ/ဆရာမများ၊ ရပ်ကွက်၊ကျေးရွာ ကော်မရှင်အဖွဲ့ဝင် များနှင့် တွေ့ဆုံခဲ့ကြောင်းသိရသည်။
Nov 03,2020
ပန်းဘဲတန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါဖြစ်ပွါးနေစဉ်ကာလအတွင်း ပြည်သူများ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစား သုံးနိုင်ရေးအတွက် ဈေးရောင်းကား(၈)စီးဖြင့် ယမန်နေ့က လာရောက်ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။
Nov 03,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန်နှင့် ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ အထွေထွေရောဂါကုဆေးရုံကြီး(အင်းစိန်)သို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသရေး အတွက် အလှူငွေများနှင့် ရေသန့်ကတ်များကို ယမန်နေ့ နံနက်ပိုင်းမှ စတင်ကာ အထွေထွေရောဂါ ကုဆေးရုံကြီး (အင်းစိန်)တွင် အလှူရှင်များက အသီးသီးလှူဒါန်းခဲ့ကြောင်း သိရသည်။
Nov 03,2020
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲ ပေးခြင်းများကို ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်မြို့နယ်၌ ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် အောက်တိုဘာ ၂၉ ရက် နံနက်ပိုင်းမှစတင်၍ ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက မိုးမိတ်မြို့ မြောက်ပိုင်းရပ်ကွက်အတွင်းရှိ နာမကျန်း ဖြစ်နေသူများနှင့် ရပ်ကွက်ကော်မရှင်ရုံးသို့ လာရောက်၍ ကြိုတင်ဆန္ဒမဲ မပေးနိုင်သော အသက် (၆၀) နှစ်အထက် သက်ကြီးရွယ်အိုများအတွက် ကြိုတင်ဆန္ဒမဲများ ပေးနိုင်ရေး အိမ်တိုင်ရာရောက် သွားရောက်၍ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Nov 03,2020
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ်၊ နောင်ကျော့ရပ်ကွက်ရှိ အမှတ် ၄ အခြေခံ ပညာ အလယ်တန်းကျောင်းခွဲတွင် ထားရှိမည့်မဲရုံ၌ ယနေ့နံနက် ၁၀ နာရီ အချိန်က မဲရုံလုပ်ငန်းများနှင့် မဲပေးပုံ အဆင့်ဆင့်သရုပ်ပြသခြင်းကို‌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Nov 03,2020
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ(၈)ရက်နေ့၌ ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်တွင် မဲရုံမှူး၊ ဒုတိယမဲရုံမှူးများ၊ မဲရုံအဖွဲ့ဝင်များ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် လုံခြုံရေးဝန်ထမ်းများ ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအား ကြိုတင်ဆန္ဒမဲပေးခြင်းကို ယနေ့ နံနက်(၉)နာရီက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Nov 03,2020
မွန်ပြည်နယ်၊ မော်လမြိုင်မြို့သတ်မှတ်နေရာများ၌ အသွားအလာကန့်သတ်ထားရှိမည့် (၁၀)မြို့နယ် ဆောင်သို့ ယမန်နေ့ ညပိုင်းတွင် ကရင်ပြည်နယ် မြဝတီမြို့မှတစ်ဆင့် ဝင်ရောက် လာသောနေရပ်ပြန် ကျား(၅၂)ဦးနှင့်မ(၂၅)ဦး စုစုပေါင်း(၇၇)ဦး ရောက်ရှိလာရာ တာဝန်ရှိသူများက လက်ခံ၍ အဖျားတိုင်းခြင်း၊ ၎င်းတို့တည်းခိုမည့် အဆောင်များသို့ နေရာချထားပေးကြောင်း သိရသည်။