Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ရေးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အားကစားသရုပ်ပြခြင်းဖြင့် ပြည်သူများအား အသိပညာပေးလုပ်ငန်းဆောင်ရွက်
Oct 13,2020
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနည်း လမ်းများဖြင့် ပြည်သူလူထုကြားပိုမိုပျံ့နှံ့စေရန်၊ ကျန်းမာရေးကို အားကစားဖြစ် ပြုမူနေထိုင်တတ် စေရန်၊ Exercise is Medicine (EIM) အားကစားနည်းသရုပ်ပြမှုဖြင့် ကိုယ်လက်ပေါ့ပါးသွားစေရန် ရည်ရွယ်၍ ပြည်သူများအား အသိပညာပေးလုပ်ငန်းကို ယမန်နေ့နေ့လယ် (၁၁) နာရီက စတင်ပြီး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ဆိပ်ဖြူမြို့နယ်တွင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီက အလှူရှင်များ အား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်
Oct 13,2020
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော် မတီက အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ပွဲကို အောက်တိုဘာလ ၁၂ ရက်နေ့ နံနက် ၁၀ နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ငွေသဲဖြူ) ခန်းမ၌ ကျင်းပ ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ကြီးမြို့နယ်တွင် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်း ကြေညာထားရှိမှုနှင့် မဲရုံပြုလုပ်မည့် နေရာများအား မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင…
Oct 13,2020
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများ၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ ဆန္ဒမဲပေးနိုင်ရန်အတွက် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာ ထားရှိမှုနှင့် မဲရုံပြုလုပ်မည့် နေရာများကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဖျာပုံမြို့၌ "အမေ"သစ်အဟောင်းရောင်းဝယ်ရေးမိသားစုမှ Stay at Home ကာလ အိမ်ထောင်စု(၃၆၀)အား တစ်စုလျှင် ဆန်(၁၀)ပြည်နှုန်းဖြင့် လိုက်လံဝေငှ
Oct 13,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် "အမေ" သစ်အဟောင်းရောင်းဝယ်ရေး၊ ကိုတင်သန်းနှင့်ညီများမိသားစုမှ Stay at Home ကာလအတွင်း မြို့ပေါ်ရပ်ကွက်အတွင်းရှိ၊ ဆင်းရဲ နွမ်းပါးသူ အိမ်ထောင်စု(၃၆၀)အား တစ်စုလျှင် အချွန်ဆန်(၁၀)ပြည်နှုန်းဖြင့် လိုက်လံဝေငှခြင်းကို ယနေ့ နံနက်ပိုင်းက လိုက်လံဝေငှ လှူဒါန်းပေးကြသည်။
အပြည့်အစုံ ဖတ်ရန်
ပြင်ဦးလွင်ခရိုင်အတွင်းရှိ ပရဟိတကျောင်းများမှ (၁၀) နှစ်အောက်ကလေးငယ်များကို အာဟာရဖြည်စွက်အစားအစာအဖြစ် အပတ်စဉ် နို့တိုက်ကျွေးခြင်းလုပ်ငန်းများဆောင်ရွက်
Oct 13,2020
ကလေးငယ်များ ဉာဏ်ရည်ဖွံ့ဖြိုးစေပြီး သွက်လက်ထက်မြတ်စေရန် ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ တိုင်းအမျိုးသမီးကော်မတီအဖွဲ့၏ ဦးဆောင်မှုဖြင့် ပြင်ဦးလွင်ခရိုင်အတွင်းရှိ ပရဟိတကျောင်းများမှ (၁၀) နှစ်အောက်ကလေးငယ်များကို အဟာရဖြည့်စွက်အစားအစာအဖြစ် အပတ်စဉ် နို့တိုက်ကျွေးခြင်းလုပ်ငန်း များကို ယနေ့နံနက် ၈ နာရီခွဲက ပြင်ဦးလွင်မြို့ရှိ ပရဟိတကျောင်းများသို့ ခရိုင်/မြို့နယ် အမျိုးသမီးကော်မတီဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်းအဖွဲ့များ တက်ရောက်နို့တိုက်ကျွေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မြောင်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေးလုပ်ငန်း အသုံးပြုရေးအတွက် အလှူငွေများ လှူဒါန်း
Oct 13,2020
စစ်ကိုင်းခရိုင်၊ မြောင်မြို့မှမိဘနှစ်ဦးဖြစ်သည့် ဦးလတ်+ဒေါ်ကြည်ခင်အား ရည်စူး၍ မုံရွာမြို့ ကိုမျိုးမင်းသန့်+ မချောခိုင် (ရွှေစင်ရတနာ) လုပ်ငန်း မိသားစုမှ မြောင်မြို့နယ်အတွက် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ် ကာကွယ်ရေး လုပ်ငန်းများတွင် အထောက်အကူဖြစ်စေရေးအတွက် အလှူငွေများနှင့် အသုံးဆောင် ပစ္စည်းများအား ယမန်နေ့ နံက် (၁၀) နာရီက ပေးအပ်လှူဒါန်းခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အထူးရဲနှင့် နည်းပြများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ ကျန်းမာရေးစစ်ဆေးခြင်းများပြုလုပ်
Oct 13,2020
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ ကာလမဲရုံ အသီးသီးတွင် လုံခြုံရေး တာဝန် ထမ်းဆောင်ကြမည့် အထူးရဲသင်တန်းသားများနှင့် သင်တန်းနည်းပြ များထံမှ Swab များရယူကာTest Kit ဖြင့် စစ်ဆေးခြင်းကို စစ်ကိုင်းခရိုင်၊ မြင်းမူမြို့ပြည်သူ့ဆေးရုံတွင် ယမန်နေ့က ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကင်းမြို့နယ်အတွင်းရှိ Community Based Facility Quarantine Centre (၃)ခုအတွက် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် တစ်ကိုယ်ရည်သုံးပစ္စည်း…
Oct 13,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရန်အတွက် ဆောင်ရွက်လျက်ရှိသည့် Community Based Facility Quarantine Centre များရှိ လိုအပ်သည့်နေရာ များတွင် အသုံးပြုနိုင်စေရန် ရည်ရွယ်၍ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ငွေကျပ် (၈၃၅,၁၀၀) တန်ဘိုးရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် တစ်ကိုယ်ရည်သုံးပစ္စည်းများအား ယမန်နေ့ နံနက် ၁၀ နာရီအချိန် က မြို့နယ်ကိုဗစ်-၁၉ ကော်မတီသို့ လာရောက်လှူဒါန်းခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28741
Page
28742
Page
28743
Page
28744
Current page
28745
Page
28746
Page
28747
Page
28748
Page
28749
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department