အမြို့မြို့အနယ်နယ်သတင်းများ

Oct 13,2020
ကလေးငယ်များ ဉာဏ်ရည်ဖွံ့ဖြိုးစေပြီး သွက်လက်ထက်မြတ်စေရန် ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ တိုင်းအမျိုးသမီးကော်မတီအဖွဲ့၏ ဦးဆောင်မှုဖြင့်  ပြင်ဦးလွင်ခရိုင်အတွင်းရှိ ပရဟိတကျောင်းများမှ (၁၀) နှစ်အောက်ကလေးငယ်များကို  အဟာရဖြည့်စွက်အစားအစာအဖြစ် အပတ်စဉ် နို့တိုက်ကျွေးခြင်းလုပ်ငန်း များကို ယနေ့နံနက် ၈ နာရီခွဲက ပြင်ဦးလွင်မြို့ရှိ ပရဟိတကျောင်းများသို့ ခရိုင်/မြို့နယ် အမျိုးသမီးကော်မတီဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်းအဖွဲ့များ တက်ရောက်နို့တိုက်ကျွေးခဲ့ကြသည်။
Oct 13,2020
စစ်ကိုင်းခရိုင်၊ မြောင်မြို့မှမိဘနှစ်ဦးဖြစ်သည့် ဦးလတ်+ဒေါ်ကြည်ခင်အား ရည်စူး၍ မုံရွာမြို့ ကိုမျိုးမင်းသန့်+ မချောခိုင် (ရွှေစင်ရတနာ) လုပ်ငန်း မိသားစုမှ မြောင်မြို့နယ်အတွက် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ် ကာကွယ်ရေး လုပ်ငန်းများတွင် အထောက်အကူဖြစ်စေရေးအတွက် အလှူငွေများနှင့် အသုံးဆောင် ပစ္စည်းများအား ယမန်နေ့ နံက် (၁၀) နာရီက ပေးအပ်လှူဒါန်းခဲ့သည်။
Oct 13,2020
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ ကာလမဲရုံ အသီးသီးတွင် လုံခြုံရေး တာဝန် ထမ်းဆောင်ကြမည့် အထူးရဲသင်တန်းသားများနှင့် သင်တန်းနည်းပြ များထံမှ Swab များရယူကာTest Kit ဖြင့် စစ်ဆေးခြင်းကို စစ်ကိုင်းခရိုင်၊ မြင်းမူမြို့ပြည်သူ့ဆေးရုံတွင် ယမန်နေ့က ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
Oct 13,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရန်အတွက် ဆောင်ရွက်လျက်ရှိသည့် Community Based Facility Quarantine Centre များရှိ လိုအပ်သည့်နေရာ များတွင် အသုံးပြုနိုင်စေရန် ရည်ရွယ်၍ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ငွေကျပ် (၈၃၅,၁၀၀) တန်ဘိုးရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် တစ်ကိုယ်ရည်သုံးပစ္စည်းများအား ယမန်နေ့ နံနက် ၁၀ နာရီအချိန် က မြို့နယ်ကိုဗစ်-၁၉ ကော်မတီသို့ လာရောက်လှူဒါန်းခဲ့ကြသည်။
Oct 13,2020
ဧရာဝတီတိုင်းဒေသကြီးအတွင်း ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးအတွင်း Stay at Home မြို့နယ်များ အပါအဝင် ကျန်မြို့နယ်များမှာ ကြိုတင်မဲပေးမည့် အသက် ၆၀ နှင့်အထက် မဲဆန္ဒရှင်ပြည်သူ ၆၂၀၀၀၀ ကျော်ရှိသည်။
Oct 13,2020
၂၀၂၀ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ ဖြူးမြို့နယ်အတွင်း မဲရုံလုံခြုံရေးအတွက် တာဝန်ထမ်း ဆောင်ကြမည့် အထူးရဲ(၂၁၄) ဦးအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ Test Kit ဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှ ယမန်နေ့ နေ့လယ်(၂)နာရီမှ ညနေ(၈)နာရီအထိ အ.ထ.က(၂)အထူးရဲ သင်တန်းကျောင်း၌ စစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိခြင်း မရှိ (မရှိ)ကြောင်း သိရသည်။
Oct 13,2020
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒူးရင်းဆိပ်ကျေးရွာ၊ ဒုံသမိတံတားထိပ်ရှိ ကိုဗစ်-၁၉ ရောဂါ Antigen Test Kits ဖြင့် စစ်ဆေးသည့် စခန်း၌ တာဝန်ယူဆောင်ရွက်နေကြသူများအတွက် ရောဂါကာကွယ်ရေး PPE ဝတ်စုံများကို ယနေ့ နေ့လယ်က သထုံမြို့ရှိ ကွက်လပ်ကလေး တွေဖြည့်အဖွဲ့မှ သွားရောက်လှူဒါန်းပေးခဲ့ကြသည်။
Oct 13,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးနှင့် ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် အလှူရှင်များက ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများနှင့် အလှူငွေများအား မြို့နယ် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေး အထောက်အကူပြုအဖွဲ့သို့ ယမန်နေ့နံနက် ၈ နာရီမှစတင်၍ လာရောက် လှူဒါန်းလျက်ရှိကြောင်း သိရသည်။