အမြို့မြို့အနယ်နယ်သတင်းများ

Oct 13,2020
ပဲခူးခရိုင်၊ ကဝမြို့နယ်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ အပြည်ပြည်ဆိုင်ရာ သဘာဝဘေး အန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် နှာခေါင်းစည်း(Mask)များ အား ယနေ့ နံနက်ပိုင်းက ကဝမြို့၊ မြို့အဝင်စစ်ဆေးရေးဂိတ်တွင် ပြည်သူများအား အခမဲ့ဖြန့်ဝေပေးခဲ့ ကြောင်း သိရသည်။
Oct 13,2020
၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို လာမည့်နိုဝင်ဘာ ၈ ရက်တွင် ကျင်းပတော့မည်ဖြစ်ရာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ လွတ်လပ်စွာ မဲပေးနိုင်ရေးအတွက် သက်ဆိုင်ရာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲများ၏ ကြီးကြပ်မှုဖြင့်
Oct 13,2020
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုများကြောင့် လတ်တလော ကာလတွင် ကုန်တင်ယာဉ်များ သွားလာမှု နှင့်ပတ်သက်၍ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးနှင့် ကုန်စည်စီးဆင်းမှု ပြတ်တောက်မှု မရှိစေရေးအတွက် ဧရာဝတီတိုင်းဒေသကြီး အတွင်း မအူပင်-ခတ္တယဂိတ်၊ ဒေးဒရဲ-တံတားဂိတ်၊ ကြံခင်း- အုတ်ပုံဂိတ်၊ ညောင်တုန်း- မဲဇလီဂိတ်၊ ရေကြည်-ရေနံသာဂီတ်နှင့် ပုသိမ် -ကျောက်ချွန်ဂိတ် အဝင်ဂိတ် (၆) ဂိတ်အား (၈−၁၀−၂၀၂၀)နေ့မှ စတင်၍ RDT ကိုဗစ်-၁၉ Ag Test ဖြင့် ကုန်စည်ပို့ဆောင်ရေး ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား စစ်ဆေးခဲ့သည်။
Oct 13,2020
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်အတွင်းရှိ တဲကြီးကုန်း၊ အင်တိုင်း၊ ရေကန်စုနှင့် ကန်ပြား ကျေးရွာများသို့ စိုက်ပျိုးရေးလုပ်ငန်းများကို ထိခိုက်မှုမရှိစေရေး ယနေ့တွင် စိုက်ခင်းများ အရောက် သွားရောက်ကာ စိုက်ပျိုးနည်းစနစ် ပညာပေးလုပ်ငန်းများကို လုပ်ဆောင်ပေးခဲ့ ကြောင်း မုံရွာမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အမာကြည်ထံမှ သိရ သည်။
Oct 13,2020
ရန်ကုန်တောင်ပိုင်းခရိုင် တံတားမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန် အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိရာ တံတားမြို့ အ.ထ.က ရှိ အသွားအလာကန့်သတ်စောင့်ကြည့်ရေး စင်တာမှ နေ့စဉ်ထွက်ရှိသော စွန့်ပစ်အမှိုက်များကို ပတ်ဝန်းကျင် အနီးအနားရှိ ပြည်သူများ ရောဂါ ကူးစက်မှုမရှိစေရေးအတွက် စနစ်တကျ ထုပ်ပိုး၍ သိမ်းဆည်းမီးရှို့ဖျက်ဆီးပေးလျက်ရှိကြောင်း သိရ သည်။
Oct 13,2020
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ‌ အထွေထွေရွေးကောက်ပွဲ ငပုတော မြို့နယ်အတွင်း၌ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ငပုတောမြို့ပေါ်ရှိ အ.မ.က(၂) တွင် အထူးရဲသင်တန်း တက်ရောက်နေသည့် ရဲတပ်ဖွဲ့ဝင် ၁၀၃ ဦးအား ကိုဗစ်-၁၉ ရောဂါကူးစက်မှုရှိ၊ မရှိ သိရှိနိုင်စေရန်အတွက် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ Swab များရယူစစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက သွားရောက် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။