Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မယ်စဲ့မြို့နယ်တွင် ကြိုတင်မဲပုံးလုံခြုံရေး ချိတ်ပိတ်ဆောင်ရွက်
Oct 13,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် သက်ဆိုင်ရာမဲဆန္ဒနယ် ပြင်ပရောက် မဲဆန္ဒရှင်များ၊ မဲဆန္ဒနယ်ပြင်ပရောက် တပ်မတော်သားများနှင့် အတူနေအိမ်ထောင်စုဝင်များမှ ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒပြုရန် ပြန်လည်ပေးပို့လာသော ဆန္ဒမဲလက်မှတ်များအား ထည့်သွင်းနိုင်ရေး မြို့နယ်ကြိုတင်မဲပုံး လုံခြုံရေးကြိုးချိတ်ပိတ်ခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
မရမ်းကုန်းမြို့နယ် နေအိမ်ပြင်ပထွက်ခွာသူများအား ပါးစပ်နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်းရှိ/မရှိ စစ်ဆေးဆောင်ရွက်ခြင်းနှင့် Mask Campaign ပြုလုပ်ခြင်း မြေပြင်ကွင်း…
Oct 13,2020
ကိုဗစ်-၁၉ ကာလအတွင်း ရောဂါကူးစက်မှုမှ ထိရောက်စွာ ကာကွယ်နိုင်ရေးအတွက် ရန်ကုန် အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်တွင် နေအိမ်ပြင်ပထွက်ခွာသူများအား ပါးစပ်၊ နှာခေါင်းစည်း (Mask)တပ်ဆင်ခြင်းရှိ/မရှိ စစ်ဆေးခြင်းနှင့် Mask Campaign ပြုလုပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြေပြင်ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
တမူးမြို့နယ်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၈၁,၇၆၉) ဦးရှိပြီး လွှတ်တော်ကိုယ်စားလှယ်လောင်း (၂၃) ဦးဝင်ရောက် ယှဉ်ပြိုင်မည်
Oct 13,2020
စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများကို အောက်တိုဘာ (၁) ရက်နေ့မှ (၁၄) ရက်နေ့အထိ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးများတွင် နောက်ဆုံးအကြိမ်အဖြစ် ကပ်ထားကြေညာ ထားမှုအရ မြို့နယ်အတွင်း မဲရုံ(၇၆) ရုံနှင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၈၁,၇၆၉) ဦး ရှိကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ် နှာခေါင်းစည်း Mask များအခမဲ့ဖြန့်ဝေ
Oct 13,2020
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ သဘာဝ ဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အထိမ်းအမှတ်အဖြစ် ယနေ့နံနက် ၇ နာရီ အချိန်က မိုးညိုမြို့၊ စည်ပင်သာယာစျေးရှေ့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးတွင် လမ်းသွား လမ်းလာများ၊ စျေးရောင်းစျေးဝယ် လာရောက်သူများအား နှာခေါင်းစည်း Mask များအခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မဟာသိမ်တော်ကြီးကျောင်းတိုက်မှ သံဃာ(၇၆)ပါး ကိုဗစ်-၁၉ရောဂါပျောက်ကင်း၍ ကျောင်းတိုက်သို့ ပြန်လည်ရောက်ရှိ
Oct 13,2020
ပန်းဘဲတန်းမြို့နယ် မဟာသိမ်တော်ကြီးပရိယတ္တိစာသင်တိုက်မှ သံဃာတော်(၇၆)ပါး ကိုဗစ်-၁၉ ရောဂါ ပျောက်ကင်း၍ သိမ်တော်ကြီးကျောင်းတိုက်သို့ ယနေ့နံနက်ပိုင်းတွင် ပြန်လည်ရောက်ရှိလာပြီး မြို့နယ် အုပ်ချုပ်ရေးမှူးဦးကျော်ခိုင် ဦးဆောင်၍ ကြိုဆိုခဲ့ကြောင်း သိရှိရပါသည်။
အပြည့်အစုံ ဖတ်ရန်
ဘိုကလေးမြို့နယ် ပညာရေးဝန်ထမ်းများ စုပေါင်း၍ ကိုဗစ်-၁၉ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် အလှူငွေ (၃၇)သိန်းကျော် လှူဒါန်း
Oct 13,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ပညာရေးဝန်ထမ်းများမှ စုပေါင်း၍ ယမန်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် ဘိုကလေးမြို့နယ်၏ ကိုဗစ်-၁၉ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး လုပ်ငန်းများ တွင် ဆောင်ရွက်နိုင်ရန်အတွက် အလှူငွေ (၃၇၂၅၀၀၀) ကျပ်အား လှူဒါန်းခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဘုတလင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများအတွက် အလှူငွေများ၊ နှာခေါင်းစည်းများနှင့် Hand Gel ဘူးများ လှူဒါန်း
Oct 13,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက် ရာတွင် အသုံးပြုရန်အတွက် အလှူငွေများ၊ နှာခေါင်းစည်းများနှင့် Hand Gel ဘူးများကို ယမန်နေ့ ညနေပိုင်းက မြို့နယ်စီမံခန့်ခွဲမှုကော်မတီရုံးတွင် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ကြီးမြို့နယ်၌ ပုံမှန်ဝင်ငွေမရှိသူများအား အခြေခံစားသောက်ကုန်များလှူဒါန်း
Oct 13,2020
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ် ဆိပ်ကြီးကျေးရွာရှိ ရွှေခရီး(စက်သုံးဆီအရောင်းဆိုင်) နှင့် Good Health (သောက်ရေသန့်စက်ရုံ)ပိုင်ရှင်မှ ယနေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ကာလအတွင်း ပုံမှန် ဝင်ငွေမရှိသော အခြေခံလက်လုပ်လက်စား အိမ်ထောင်စုများအား အခြေခံစားသောက်ကုန်များ လှူဒါန်းခဲ့ ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28767
Page
28768
Page
28769
Page
28770
Current page
28771
Page
28772
Page
28773
Page
28774
Page
28775
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department