Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဂန့်ဂေါမြို့နယ် နည်းပညာပြန့်ပွားရေးစင်တာတွင် လျှပ်စစ်မီးသုံးစွဲနိုင်ပြီ
Oct 13,2020
NEP အစီအစဉ်ဖြင့် ဂန့်ဂေါမြို့နယ်၊ တောင်ခင်ရန်းကျေးရွာသို့ နိုင်ငံတော်လျှပ်စစ်ဓါတ်အားစနစ် ရောက်ရှိနေပြီဖြစ်ရာ ဂန့်ဂေါမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက စိုက်ပျိုးရေး နည်းပညာပေး လုပ်ငန်းများ ပိုမို ထိရောက် အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် ဖွင့်လှစ်ထားသည့် တောင်ခင် ရန်းကျေးရွာ နည်းပညာ ပြန့်ပွားရေးစင်တာသို့ ယမန်နေ့က လျှပ်စစ်မီးများ ချိတ်ဆွဲပြီးဖြစ် ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပင်လုံမြို့၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင်မည့် အထူးရဲသင်တန်းသားများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စ…
Oct 13,2020
ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်မြို့နယ် ပင်လုံမြို့တွင် ၂၀၂၀ပြည့်နှစ် ပါဒီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပမည့် မဲရုံများ၌ လုံခြုံရေးတာဝန် ထမ်းဆောင်ကြမည့် အထူးရဲသင်တန်းရှိ အထူးရဲသင်တန်းသား (၈၁)ဦးတို့အား ယနေ့နံနက် (၈:၀၀)နာရီအချိန်ခန့် က သင်တန်းဖွင့်လှစ်ထားရှိရာ ကျေးလက်လူငယ်များပြုစုပျိုးထောင်ရေး သင်တန်းကျောင်း (ပင်လုံမြို့) ၌ ကိုဗစ်-၁၉ Antigen (RDT) Test ဖြင့် ရောဂါပိုး ရှိ/မရှိ စစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မန္တလေးမြို့တွင် မြန်မာ့ရုပ်ရှင် နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် တံဆိပ်ခေါင်း၊ ပထမနေ့စာအိတ်များ ရောင်းချပေး
Oct 13,2020
မြန်မာ့ရုပ်ရှင် နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် တံဆိပ်ခေါင်း၊ ပထမနေ့စာအိတ် (First-day Cover) များကို မြန်မာ့စာတိုက်လုပ်ငန်း သက်ဆိုင်ရာစာတိုက်များတွင် ယနေ့နံနက် ၉ နာရီခွဲက စတင်ရောင်းချပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မဘိမ်းမြို့၌ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု (CERP)အစီအစဉ်ဖြင့် စိုက်ပျိုးထားသော မျိုးစေ့ထုတ်စပါးခင်းများ အောင်မြင်ဖြစ်ထွန်း
Oct 13,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ် မြို့မရပ်ကွက်၊ နမ့်ပုံးပုံးရပ်ကွက်၊ ဘ ဟဲကျေးရွာအုပ်၊ မလှိုင်ကုန်းကျေးရွာအုပ်စုနှင့် ငို့စင်ကျေးရွာအုပ်စုရှိ မန်ကင်ကျေးရွာတို့တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု (CERP)အစီအစဉ်ဖြင့် စိုက်ပျိုးခဲ့သော ဆင်းဧကရီ-၃ မိုးစပါး(Rs to Cs) မျိုးစေ့ ထုတ်စိုက်ခင်းဧက(၁၂၀)ကို တောင်သူ ၄၅ ဦးက စိုက်ပျိုးခဲ့ခြင်းဖြစ်ပြီး မျိုးစေ့ထုတ်စပါးခင်းများမှာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
အလုံမြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီသို့ အလှူငွေနှင့် ကာကွယ်ရေး သုံးပစ္စည်းများလှူဒါန်း
Oct 13,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးကော်မတီသို့ ယနေ့ နံနက်ပိုင်းက အလှူငွေများနှင့်ကာကွယ်ရေးသုံးပစ္စည်းများ လှူဒါန်းခဲ့ကြောင်း သိရသည်။ ထိုသို့လှူဒါန်းရာတွင် အလှူရှင်အလုံမြို့နယ်စောရှေ့ရပ်ကွက်ရှိ
အပြည့်အစုံ ဖတ်ရန်
ဆင်ပေါင်ဝဲမြို့နယ်တွင် ကိုဗစ် -၁၉ ဆိုင်ရာ အသိပညာပေးရုပ်ပုံများ မြေစိုက်ဘုတ်တွင်ပြသ
Oct 13,2020
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာနရုံးရှေ့ မြေစိုက်နံရံကပ်ဘုတ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်တားဆီးနိုင်ရန်အတွက် ရောဂါဖြစ်ပွားမှုနှင့် ပတ်သက်သည့် အသိပညာပေးလုပ်ငန်းများကို မိဘပြည်သူများသိရှိနိုင်ရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက ရုံးရှေ့ မြေစိုက်နံရံကပ်ဘုတ်၌ ပြသထားလျက် ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ဇလွန်မြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အထောက်အကူပြု ပစ္စည်းများနှင့် အလှူငွေများလှူဒါန်း
Oct 13,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်နှံ့မှုအား ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေး အတွက် အထောက်အကူပြု ပစ္စည်းများနှင့် အလှူငွေများကို အလှူရှင်များမှ ယမန်နေ့ မွန်းလွဲ ၃ နာရီ အချိန်ခန့်တွင် မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ လာရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ကမာရွတ်မြို့နယ် Quarantine Center များရှိ Primary Contact များအတွက် အထောက်အကူပြုပစ္စည်းများလာရောက်လှူဒါန်း
Oct 13,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် တစ်ဖက်တစ်လမ်းမှအခေါက်အကူဖြစ်စေရန် ရည်ရွယ်၍ ဒေါ် ခင်ကြည်ဖောင်ဒေးရှင်း အမှတ် (၅၄/၅၆)တက္ကသိုလ်ရိပ်သာလမ်း ၊ ဗဟန်းမြို့နယ်မှ ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများကို ယမန်နေ့ မနက်ပိုင်းက အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းသို့ လာရောက်လှူဒါန်းခဲ့ ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28769
Page
28770
Page
28771
Page
28772
Current page
28773
Page
28774
Page
28775
Page
28776
Page
28777
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department