အမြို့မြို့အနယ်နယ်သတင်းများ

Oct 13,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်နှံ့မှုအား ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေး အတွက် အထောက်အကူပြု ပစ္စည်းများနှင့် အလှူငွေများကို အလှူရှင်များမှ ယမန်နေ့ မွန်းလွဲ ၃ နာရီ အချိန်ခန့်တွင် မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ လာရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
Oct 13,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် တစ်ဖက်တစ်လမ်းမှအခေါက်အကူဖြစ်စေရန် ရည်ရွယ်၍ ဒေါ် ခင်ကြည်ဖောင်ဒေးရှင်း အမှတ် (၅၄/၅၆)တက္ကသိုလ်ရိပ်သာလမ်း ၊ ဗဟန်းမြို့နယ်မှ  ကိုဗစ် -  ၁၉ ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများကို ယမန်နေ့ မနက်ပိုင်းက အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းသို့ လာရောက်လှူဒါန်းခဲ့ ကြောင်းသိရသည်။
Oct 13,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ မန်းကြိုးကျေးရွာနှင့် ထုံးမကြီးကျေးရွာတို့မှ ရေဘေးသင့်ပြည်သူများအတွက် နိုင်ငံတော်မှ ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက မင်းဘူးခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဉီးစီးဌာနမှ တာဝန်ရှိသူများက ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
Oct 13,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီရေးအတွက် ရပ်ကွက်များအတွင်း နှာခေါင်းစည်းမတပ်ဆင်ဘဲ သွားလာနေသူများအား နှာခေါင်းစည်း (Mask) တပ်ဆင်သွားလာစေရန် စစ်ဆေးအရေးယူခြင်းနှင့် အသိပညာပေးခြင်းကို ယမန်နေ့ နေ့လယ်(၃)နာရီအချိန်က နန္ဒဝန်ဈေးရှေ့၌ ဆောင်ရွက်ခဲ့ကြသည်။
Oct 13,2020
ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်တွင်းရှိ Quarantine Centre (၁)နှင့် (၂)သို့ ညနေစာထမင်းဘူး (၁၅၀)ဘူးကို ယုဇနဥယျာဉ်မြို့တော်၊ C-12 ရှိ အလှူရှင်များမှ စုပေါင်းလှူဒါန်းခဲ့ကြပြီး တန်ဘိုးငွေမှာ ၂၅၀၀၀၀ ကျပ်ဖြစ်ကြောင်း သိရသည်။
Oct 13,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်၊ ထိန်းချုပ်ရန် အတွက် ရောဂါဖြစ်ပွားမှုနှင့် ပတ်သက်ပြီး အသိပညာပေး လုပ်ငန်းများအား ပြည်သူများသိရှိစေရန် ရည်ရွယ်၍
Oct 13,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်ရှိ Super Sunday လူမှုကူညီရေးအသင်းအနေဖြင့် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက် ရာတွင် အသုံးပြုနိုင်စေရန် ရည်ရွယ်၍ အလှူရှင်များက အောက်ဆီဂျင်အိုး(၁၂)လုံးနှင့် ငွေကျပ်သိန်း(၂၀) ကျော်ကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က အင်းစိန်(GTI) ကန့်သတ်စောင့်ကြည့်စင်တာတွင် လာရောက် လှူဒါန်းခဲ့ကြောင်း သိရဿည်။