အမြို့မြို့အနယ်နယ်သတင်းများ

Oct 13,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ လွယ်စီတုံစာသင်ကျောင်း၌ Quarantine ဝင်လျက်ရှိပြီး လာအိုနိုင်ငံမှ လွှဲပြောင်းပေးလာသော ပြစ်ဒဏ်ကျခံရပြီး ပြန်လည်လွတ်မြောက်လာသူ ပြစ်ဒဏ်စေ့မြန်မာနိုင်ငံသား ၂၆ ဦးအား မြန်မာနိုင်ငံကြက်ခြေနီအသင်း မိသားစုပြန်လည် ဆက်သွယ်ပေးရေးဌာနမှ လမ်းခရီးစရိတ်များနှင့်ပစ္စည်းများ ထောက်ပံ့ခြင်းကို ယမန်နေ့ က ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
Oct 13,2020
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၀ခုနှစ် မိုးစပါးရာသီ၌ စိုက်ပျိုးခဲ့သည့် မိုးစပါးများ စတင်ရိတ် သိမ်းနေပြီးဖြစ်သဖြင့်
Oct 13,2020
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ် ဆိပ်ကြီးကျေးရွာရှိ ရွှေခရီး (စက်သုံးဆီအရောင်းဆိုင်) နှင့်Good Health(သောက်ရေသန့်စက်ရုံ)ပိုင်ရှင်မှယနေ့နံနက်ပိုင်းက ကိုဗစ်-၁၉ကာလအတွင်းပုံမှန်ဝင်ငွေမရှိ သောအခြေခံလက်လုပ်လက်စား အိမ်ထောင်စုများအား အခြေခံစားသောက်ကုန်များ လှူဒါန်းခဲ့ကြောင်းသိရ သည်။
Oct 13,2020
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် မန်ကန်ကျေးရွာ အုပ်စုအတွင်းရှိ ၂၀၁၉-၂၀၂၀ ဘဏ္ဏာရေးနှစ်အတွင်း ဆောင်ရွက်လျှက်ရှိသော ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုများကို ဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းကျော်နှင့် နတလ (AD) တို့က ယမန်နေ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Oct 13,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် Facility Quarantine ဝင်နေသူ ခုနှစ်ဦအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန က ကိုဗစ်-၁၉ ရောဂါ ကင်းရှင်းကြောင်း ထောက်ခံချက်လက်မှတ်များ ပေးအပ်ခြင်းကို ယမန်နေ့ညနေ ၃နာရီအချိန်ခန့် က အထက (မိုင်းဖြတ်)တွင် ပေးအပ်ခဲ့သည်။
Oct 13,2020
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသည် ဒေသအသီးသီးတွင်
Oct 13,2020
ရန်ကုန်တောင်ပိုင်းခရိုင် တံတားမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ မြေစိုက် နံရံကပ်ဘုတ်တွင် ကိုဗစ်-၁၉ ဆိုင်ရာ အသိပညာပေး ရုပ်ပုံများအား ပြည်သူများ အသိပညာဗဟုသုတ ရရှိနိုင်ရေး သိရှိလေ့လာနိုင်ရန်အတွက် အောက်တိုဘာ ၁၁ ရက်နေ့ နံနက်ပိုင်းက စတင်၍ ပြသဆောင်ရွက် ပေးထားကြောင်း သိရသည်။
Oct 13,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်သည် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ပြည်သူ့စာကြည့်တိုက် စာအုပ်/ စာစောင်များငှားရမ်းခြင်းကို ခေတ္တပိတ်ထားပြီး Online အစီအစဉ်ဖြင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိရာ ယနေနံနက်ပိုင်းတွင် ပြည်သူ့စာကြည့်တိုက် Page တွင် လွှင့်တင်နိုင်ရန်အတွက် စာရေးဆရာ သိင်္ခသူရေးသားသော မြန်မာ့စိတ်ရင်းနှင့်ကလေးကဗျာထဲမှ "သားသားချစ်တဲ့မြန်မာပြည်" ကဗျာရွတ်ခြင်း အစီအစဉ်ကို ရိုက်ကူးတင်ဆက်ခဲ့ကြောင်း သိရသည်။