အမြို့မြို့အနယ်နယ်သတင်းများ

Oct 13,2020
မြဝတီမြို့ဈေးများ၌ ရောင်းချလျက်ရှိသော စျေးသည်များနှင့်စျေးဝယ်သူများ နှာခေါင်း စည်းများ တပ်ဆင်ရန် နေ့စဉ် ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Oct 13,2020
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကိုရည်ရွယ်၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Oct 13,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်အတွင်းတွင် မဲရုံလုံခြုံရေးအဖြစ် တာဝန်ထမ်းဆောင် ကြမည့် အထူးရဲ ၁၀၀ ဦးအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT Antigen Test ဖြင့် ယမန်နေ့မွန်းလွဲ ၃ နာရီအချိန် က ကျောက်မဲမြို့မရဲစခန်း၌ စစ်ဆေးပေးခဲ့ကြောင်း သိရသည်။
Oct 13,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် အပြင်ထွက်သွားလာသူများအနေဖြင့် MASK တပ်ဆင်သွားလာခြင်းမရှိသူများအား အခုဝယ်၊ ခုတပ်စနစ်နှင့် ဒဏ်ငွေကျပ်(၂၀၀) သတ်မှတ်သည့်အစီအစဉ်ကို ယမန်နေ့နံနက်(၇)နာရီ က မြို့မဈေးရှေ့၌ စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Oct 13,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ဟိုမိန်းမြို့တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲရုံအသီးသီး၌ လုံခြုံရေးတာဝန်ထမ်းဆောင်မည့် အထူးရဲသင်တန်း သားများအား Antigen Rapid Diagnostic Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိစစ်ဆေးပေးခြင်းကို ယမန်နေ့ မွန်းလွဲ ၃ နာရီ က ဟိုမိန်းတိုက်နယ်ဆေးရုံတွင် စစ်ဆေးပေးခဲ့ကြောင်း သိရသည်။
Oct 13,2020
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်မည့် အထူးရဲသင်တန်းသားများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးခြင်းကို ယမန်နေ့ နံနက် (၉)နာရီအချိန် က လားရှိုးမြို့၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းတွင် စစ်ဆေးပေးခဲ့ကြောင်း သိရသည်။
Oct 13,2020
နမ္မတူမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဖွင့်လှစ်ထားရှိသော အထူးရဲသင်တန်းသားများအား Rapid Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးခြင်းကို ယမန်နေ့ နံနက် (၁၁)နာရီ ခွဲအချိန်ခန့် က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ အထူးရဲသင်တန်း ဖွင့်လှစ်ထားရှိသည့် အမှတ် (၉) အခြေခံပညာ မူလတန်းကျောင်း၌ ဆောင်ရွက်ခဲ့သည်။