အမြို့မြို့အနယ်နယ်သတင်းများ

Oct 13,2020
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့တွင် အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးထိုးနှံခြင်းကို ကျိုင်းတောင်းမြို့ ကျေးလက်ကျန်းမာရေးဌာန၌ ယမန်နေ့နံနက် (၉) နာရီအချိန်ခန့် က သားဖွားဆရာမ ဒေါ်ခိုင်သဇင်မှ ကျိုင်းတောင်းမြို့ အမှတ်(၃၊၄၊၅)ရပ်ကွက်ရှိ ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးထိုးနှံပေးခဲ့သည်။
Oct 13,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့ ရွှေကျောင်းမိုးကုတ်ဝိပဿနာ ရိပ်သာရှိ သာသနာအနွယ်ဝင် သီလရှင် ဆရာကြီး/ ဆရာလေး(၂၃)ပါးအား ကိုဗစ်−၁၉ ကာလအတွင်း ဆွမ်းဆန် အခက်အခဲမရှိစေရေးအတွက် အခြေခံစားသောက်ကုန်များကို အောက်တိုဘာ ၁၁ ရက်နေ့ နံနက်ပိုင်းက အဆိုပါ ရွှေကျောင်းရိပ်သာတွင် လှူဒါန်းခဲ့သည်။
Oct 13,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်၊ တားဆီးနိုင်ရေးအတွက် ပြည်သူများ သတင်းအချက်အလက်များ မှန်ကန်စွာသိရှိပြီး အသိပညာဗဟုသုတများရရှိစေရန် ရည်ရွယ်၍ ရုံးရှေ့မြေစိုက်ပြဘုတ်တွင် နံရံကပ်စာစောင်များ ကပ်ထားပြသပေးလျက် ရှိသည်။
Oct 12,2020
ပုလောမြို့နယ် ကျွန်းလှတောင်ကျွန်း အရှေ့တောင်ဘက် (၂)မိုင်ခန့်အကွာတွင် ပင်လယ်ပြင် လှိုင်းလေပြင်းတိုက်ခတ်မှုကြောင့် တိုကျေးရွာမှ ကင်းမွန်မီးထွန်းလှေ (တိုးတက်ဦး−၁)မှ ယနေ့ နံနက် (၄)နာရီခန့်က ရေနစ်မြုပ်ခဲ့ကြောင်း သိရသည်။
Oct 12,2020
ကိုဗစ်-၁၉ ရောဂါကာလအတွင်း အခြေခံလက်လုပ်လက်စား အိမ်ထောင်စုများ၏ စားဝတ်နေရေးများ အဆင်ပြေစေရေးအတွက် ပြည်သူမှ ပြည်သူ့ထံသို့ အစီအစဉ်ဖြင့် အခြေခံစားသောက်ကုန် ပစ္စည်းများ ပြန်လည်မျှဝေလှူဒါန်းပေးခြင်းကို ယနေ့ နံနက်ပိုင်းက ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် ဆတ်ကလေးကျေးရွာအုပ်စု၊ ဆတ်ကလေး ကျေးရွာတွင် ဖြန့်ဝေ လှူဒါန်းပေး လျက်ရှိကြောင်း သိရသည်။
Oct 12,2020
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကို နေ့စဉ်အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၈ နာရီခွဲအချိန်က လူစည်ကားရာ မြို့မဈေး၊ ဧရာဝတီဘဏ်ရှေ့နှင့် ကားဂိတ်တို့တွင် Mask တပ်ဆင်ရေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Oct 12,2020
ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါ်သန်းသန်းဝင်းနှင့် ဝန်ထမ်းများသည် ယနေ့ နေ့နံနက်ပိုင်းက မြို့နယ်စည်ပင် သာယာဈေးကြီးအတွင်း ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ဝေသည့်သင့်အမည်မဲဆန္ဒရှင်စာရင်းမှာ ပါ/မပါ စစ်ဆေးပြီးပြီလား လက်ကမ်းစာစောင်များအား ဈေးရောင်းချသူ၊ဈေးဝယ်သူများနှင့် ပြည်သူများအား အခမဲ့ဖြန့်ဝေခဲ့သည်။