Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
အုတ်တွင်းမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး အချက်အလက်များကို မြေစိုက်နံရံကပ် ပြဘုတ်တွင် ပြသဆောင်ရွက်
Oct 12,2020
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် အုတ်တွင်းမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးကြစေရန်နှင့် ဘေးကင်းလုံခြုံစွာ ဆန္ဒမဲပေးနိုင်ရန် ရည်ရွယ်၍ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးအချက်များကို ယနေ့ နေ့လယ်ပိုင်းက အုတ်တွင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ မြေစိုက်နံရံကပ်ဘုတ်တွင် ပြသ ဆောင်ရွက် ထားကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရွာသစ်မြို့ နံရံကပ်ပြဘုတ်တွင် အသိပညာပေးဓာတ်ပုံနှင့် နံရံကပ်စာစောင်ပြသ
Oct 12,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးမြေနေရာရှေ့ မြေစိုက်ဘုတ်နှင့် ရုံးတွင်းပြဘုတ်တို့တွင် ယနေ့ နံနက်ပိုင်းက အသိပညာပေး မှတ်တမ်းဓာတ်ပုံ များနှင့် နံရံကပ် စာစောင်ပြသလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြင်းမူမြို့နယ်တွင် ပဉ္စမနှစ်မြောက် မြစိမ်းရောင်ချေးငွေ ထုတ်ချေးပေး
Oct 12,2020
ဒေသခံကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေးအတွက် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ဖန်တီးနိုင်ရန် ရင်းနှီးမတည်ငွေအဖြစ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ မြစိမ်းရောင် ချေးငွေ ပဥ္စမနှစ် ထုတ်ချေးပေးခြင်းလုပ်ငန်းကို အောက်တိုဘာလ(၁၂)ရက်နေ့က စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်ရှိ မကျီးစုကျေးရွာနှင့် ကြာပင်လှကျေးရွာတို့တွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ကိုဗစ်-၁၉ လူနာများအတွက် ယာယီဆေးရုံဆောက်လုပ်မှုအား လူမှုရေးဝန်ကြီးသွားရောက်စစ်ဆေး
Oct 12,2020
မွန်ပြည်နယ် မော်လမြိုင်မြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်းမြန်ဆန်ပြီး လူနာ အရေအတွက် တိုးလာသည့်အတွက် မွန်ပြည်နယ်အတွင်းရှိလူနာများကို မြို့နယ်အထွေထွေရောဂါကု ဆေးရုံကြီးတွင် ထားရှိရန်မလုံလောက်တော့သဖြင့် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းဝန်းရှိ ယာယီဆေးရုံ Isolation Ward-3 ဆောက်လုပ်ထားရှိမှုအား ယမန်နေ့ မွန်းလွဲပိုင်း၌ လူမှုရေးဝန်ကြီး သွားရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြောင်းမြမြို့နယ် သမဝါယမအသင်းစုမှ အပ်ချုပ်စက်နှင့် ဓားစက်များ အရစ်ကျ ငွေချေစနစ်ဖြင့် ရောင်းချ
Oct 12,2020
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ် သမဝါယမအသင်းစုမှ ကိုဗစ်-၁၉ ရောဂါကာလ အတွင်း အသင်းသားပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း ရရှိစေရန်နှင့် ပုံမှန်ဝင်ငွေရရှိစေရန်အတွက် ဒုတိယအကြိမ် အပ်ချုပ်စက်နှင့် ဓားစက်များအား အရစ်ကျငွေချေစနစ်ဖြင့် အောက်တိုဘာလ ၉ ရက်နေ့မှစ၍ ရောင်းချလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မေတ္တာမြို့၌နှစ်လောင်းပြိုင်လူသတ်မှု ဖြစ်ပွား
Oct 12,2020
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့၊ အမှတ်(၁)ရပ်ကွက်၊ မြတ်လေးလမ်း၌ ယနေ့ နေ့လည် ၁၁နာရီ ၄၅မိနစ်အချိန်ခန့်က နှစ်လောင်းပြိုင်လူသတ်မှုဖြစ်ပွားခဲ့ ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘီးလင်းမြို့နယ်တွင် ကိုဗစ်-၁၉ ဆိုင်ရာ အသိပညာပေးရုပ်ပုံများ မြေစိုက်ဘုတ်တွင်ပြသ
Oct 12,2020
ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ မြေစိုက် နံရံကပ် ဘုတ်တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်တားစီးနိုင်ရေးအတွက် ရောဂါဖြစ်ပွားမှုနှင့် ပက်သက်သည့် အသိပညာပေးလုပ်ငန်းများကို မိဘပြည်သူများ သိရှိနိုင်ရန် ရည်ရွယ်၍ ယနေ့ နံနက်ပိုင်းက ရုံးရှေ့ မြေစိုက်နံရံကပ်ဘုတ်၌ ပြသထားလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ထုမြို့တွင် ကုန်စည်စီးဆင်းမှု မပြတ်လပ်စေရေး စီစဉ်ဆောင်ရွက်
Oct 12,2020
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ကျောက်ထုမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး ကာလအတွင်း ကျောက်ထုမြို့နှင့် ပတ်ဝန်းကျင် ကျေးရွာများရှိ ပြည်သူများ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး အတွက် မန္တလေးမြို့နှင့် ပခုက္ကူမြိုများမှတဆင့် ကုန်စည်များ တင်ပို့လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီမှ စီစဉ်ဆောင်ရွက် ပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28781
Page
28782
Page
28783
Page
28784
Current page
28785
Page
28786
Page
28787
Page
28788
Page
28789
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department