Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကိုဗစ်-၁၉ ကာလအတွင်း လင်ဖုံလေးကျေးရွာရှိ ခရမ်းချဉ်သီးစိုက်တောင်သူများအနေဖြင့် ခရမ်းချဉ်သီးများ အောင်မြင်ဖြစ်ထွန်း
Oct 12,2020
ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ နွားလဝိုးကျေးရွာအုပ်စု၊ လင်ဖုံလေးကျေးရွာရှိ ခရမ်းချဉ်သီးစိုက် တောင်သူများ စိုက်ခင်းတွင် ခရမ်းချဉ်သီးများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ရာသီပေါ်စအချိန်တွင် စျေးကောင်းရရှိခဲ့သော်လည်း ကိုဗစ်ကာလဖြစ်သည့်အတွက် ကုန်သည်ပွဲစားများ သယ်ယူပို့ဆောင်မှု အခက်အခဲကြောင့် အရောင်းအဝယ်များ နှေးကွေးနေကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် အတွင်းဈေးများတွင် နှာခေါင်းစည်း (Mask)များ တပ်ဆင်ရေးစစ်ဆေး မှုများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
Oct 12,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမှ ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် ပါးစပ်၊ နှာခေါင်းစည်း (Mask) မတပ်သူများအား စစ်ဆေးအရေးယူခြင်းကို မြို့နယ်အတွင်းရှိ အမှတ်(၄)ဈေးနှင့် လမုပျံကျစျေးတို့၌ ယနေ့ နံနက် ၈ နာရီက အရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တာမိုးညဲမြို့၌ ဈေးဆိုင်များအား ပါဆယ်စနစ် (Take away) ဖြင့် ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး
Oct 12,2020
မူဆယ်ခရိုင်၊ တာမိုးညဲမြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ထုတ်ပြန်ထားသည့် ကျန်းမာရေးလမ်းညွှန်ချက်နှင့်အညီ မြို့တွင်းရှိ စာသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များအား ပါဆယ်စနစ် (Take away) ဖြင့် ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက် (၁၀)နာရီအချိန်ခန့် က တာဝန်ရှိသူများက လိုက်လံစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန်
မုံးကိုးမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Oct 12,2020
မူဆယ်ခရိုင်၊ မုံးကိုးမြို့၌ ကူးစက်မှုမြန်ဆန်သည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၁)နာရီအချိန်ခန့် က မုံးကိုးမြို့၊ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ကယားပြည်နယ်အတွင်း မဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များအဖြစ် ဆရာ၊ ဆရာမ ၃၅၀၀၁ ဦး တာဝန်ပေး ဆောင်ရွက်သွားမည်
Oct 12,2020
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် ကယား ပြည်နယ်အတွင်းတွင် မဲရုံပေါင်း ၂၃၃ ရုံရှိပြီး ပြည်နယ်အတွင်းရှိ အခြေခံပညာရေးဦးစီးဌာနမှ မဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များအဖြစ် ဆရာ၊ ဆရာမ ၃၅၀၀၁ ဦးအား တာဝန်ပေးဆောင်ရွက်သွားမည်ဖြစ်သည်။
အပြည့်အစုံ ဖတ်ရန်
ဝန်းသိုမြို့နယ်တွင် သဘာဝပိုးသတ်ဆေးနှင့် သဘာဝမြေဩဇာ ပြုလုပ်သုံးစွဲနည်း လက်တွေ့ ပြသ
Oct 12,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်၊အုပ်ဖိုကျေးရွာတွင် တောင်သူ ဦးကြီးများ ဓါတုပိုးသတ်ဆေးများကို လျော့ချသုံးစွဲနိုင်စေရန်နှင့် ဓါတ်မြေဩဇာလျော့ချ သုံးစွဲနိုင်စေရန် ရည်ရွယ်၍ သဘာဝပိုးသတ်ဆေးနှင့် စူပါဘိုကာရှီမြေဆွေး ပြုလုပ်သုံးစွဲနည်း တို့ကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးစိုးကျော်ဦးနှင့် ဝန်ထမ်းများက လက်တွေ့ပြုလုပ်ပြသပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အင်းစိန်မြို့နယ်၌ မိုးရာသီကာလအတွင်း ရေစီးရေလာ ကောင်းမွန်စေရေး ဆောင်ရွက်
Oct 12,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ သွားရေးလာရေး အဆင်ပြေစေရန်၊ မိုးရာသီကာလအတွင်း ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရန်နှင့် ခြင်များ ပေါက်ဖွားမှု မရှိစေရန် ရည်ရွယ်၍ မိုးရာသီကာလအတွင်း ရေစီးရေလာ ကောင်းမွန်အောင် ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်(၁၁)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပေါက်ခေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့မြေစိုက်နံရံကပ်ဘုတ်တွင် ကိုဗစ်-၁၉ ရောဂါအသိပညာပေး ရုပ်ပုံများပြသ
Oct 12,2020
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်၊ ထိန်းချုပ်ရန် အတွက် ရောဂါဖြစ်ပွားမှုနှင့် ပတ်သက်ပြီး အသိပညာပေး လုပ်ငန်းများအား ပြည်သူများသိရှိစေရန် ရည်ရွယ်၍ ယနေ့ နံနက်က ပေါက်ခေါင်းမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့ မြေစိုက်နံရံကပ် ဘုတ်တွင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ရုပ်ပုံများကို ပြသဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28782
Page
28783
Page
28784
Page
28785
Current page
28786
Page
28787
Page
28788
Page
28789
Page
28790
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department