အမြို့မြို့အနယ်နယ်သတင်းများ

Oct 12,2020
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ တားဆီးနိုင်ရန် အတွက် ပြည်သူများလေ့လာသိရှိနိုင်ရန်နှင့် အသိပညာပေးလုပ်ငန်းများကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ်တွင် ယနေ့ နံနက် (၉)နာရီအချိန်တွင် ပြသဆောင်ရွက်ခဲ့သည်။
Oct 12,2020
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ၌ မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင်မည့် အထူးရဲတပ်ဖွဲ့ဝင်များအား ကိုဗစ်-၁၉ ရောဂါ ကင်းရှင်းကြောင်း စစ်ဆေးချက် လက်မှတ် ပေးအပ်ခြင်းကို ယနေ့ နံနက် ၉ နာရီခွဲက ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ငွေတောင်ကျေးရွာ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
Oct 12,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်တွင် ကျန်းမာရေးဝန်ထမ်းများအား မြို့နယ်အဆင့် Mobile Tablet အသုံးပြု နည်းကို ယနေ့ နံနက်(၁၀)နာရီခန့်က မြို့နယ်ပြည်သူ့ဆေးရုံ၊ အစည်းအဝေးခန်းမ၌ သင်ကြားပို့ချခဲ့သည်။
Oct 12,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန မှ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့်ပတ်သက်၍ ပြည်သူများအသိပညာ ဗဟုသုတများပိုမိုးတိုးပြီး သတင်းအချက်အလက်များမှန်ကန်စွာ သိရှိနိုင်ရန်ရည်ရွယ်၍ ရုံးရှေ့တွင် ယနေ့နံနက်ပိုင်း က နံရံကပ်စာစောင်ပြသခြင်း ဆောင်ရွက်သည်။
Oct 12,2020
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့ မြေစိုက်ဘုတ်တွင် ရွေးကောက်ပွဲဆိုင်ရာအသိပညာပေး အကြောင်းအရာများနှင့် ကိုဗစ်-၁၉ ဆိုင်ရာ အသိပညာပေးရုပ်ပုံများပြသ ဆောင်ရွက်ထားရှိ ကြောင်း သိရှိရသည်။
Oct 12,2020
မကွေးတိုင်းဒေသကြီးဆိပ်ဖြူမြို့နယ်၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်မည့် အထူးရဲတပ်ဖွဲ့ ဝင်များကို ကိုဗစ်-၁၉ရောဂါ ကူးဆက်မှုမရှိစေရန် ကျန်းမာရေးအသိပညာပေးပြောကြားခြင်းနှင့် ကိုဗစ်-၁၉၊ (RDT) Test Kit ဖြင့် ကျန်းမာရေးစစ်ဆေးခြင်းကို ယနေ့ နံနက် ၉ နာရီက အနောက်ပိုင်းရပ်ကွက် မူလတန်းကျောင်း တွင်ပြုလုပ်သည်။
Oct 12,2020
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၌ Quarantine ထားရှိသူများအနက်မှ (၄၆)ဦး၏ Swab နမူနာများအား (၂၁)ကြိမ်မြောက် ဓာတ်ခွဲခန်းစစ်ဆေးရန် ယနေ့ နံနက်ပိုင်းက ရယူခဲ့ကြောင်း သိရ သည်။
Oct 12,2020
မွန်ပြည်နယ်၊သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ် ပြည်သူ့စာကြည့်တိုက်ရှိ မြေစိုက်ဘုတ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်တားဆီး နိုင်ရေးအတွက် ရောဂါဖြစ်ပွားမှုနှင့် ပတ်သက်သည့် အသိပညာပေးလုပ်ငန်းများကို ပြည်သူများ သိရှိစေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက ကပ်ထားပြသလျက်ရှိသည်။