Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
သီပေါမြို့နယ်၌ မဲရုံလုံခြုံရေးတာဝန်ထမ်းဆောင်မည့် အထူးရဲသင်တန်းသား (၅၈)ဦးအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ RDT ဖြင့် စစ်ဆေး
Oct 12,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံလုံခြုံရေးတာဝန်ထမ်းဆောင်မည့် အထူးရဲသင်တန်းသား (၅၈)ဦးအား သီပေါမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆေးရုံအုပ် ဒေါက်တာမျိုးအောင် ဦးဆောင်သော ကိုဗစ်-၁၉ RDT စစ်ဆေးရေးအဖွဲ့သည် အထူးရဲသင်တန်းဖွင့်လှစ်ပို့ချနေသည့် သာသနာ ၂၅၀၀ ပရိယတ္တိစာသင်တိုက်သို့ ယမန်နေ့ နံနက်ပိုင်း က ကိုဗစ်-၁၉ RDT စစ်ဆေးခြင်းအား သွားရောက်ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းရှူးမြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်ကြမည့် အထူးရဲများအား ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ စစ်ဆေး
Oct 12,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ၂၀၂ဝပြည့်နှစ်၊ နိုဝင်ဘာလ ၈ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်ကြမည့် အထူးရဲတပ်ဖွဲ့ဝင် (၄၅)ဦးအား ယနေ့နံနက်ပိုင်း က ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ စစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အင်းတော်မြို့နယ် သီပါကျေးရွာအခြေခံပညာကျောင်းတွင် School Garden စိုက်ပျိုးနိုင်ရေး ဟင်းသီးဟင်းရွက် မျိုးစေ့များနှင့် ဥယျာဉ်ခြံသုံး ပစ္စည်းများ ထောက်ပံ့ပေးအပ်…
Oct 12,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် သီပါကျေးရွာ အခြေခံပညာ မူလတန်းလွန်ကျောင်းတွင် ( School Garden ) စိုက်ပျိုးနည်းများ လက်တွေ့ပြသ ဆောင်ရွက်ခြင်း၊ မျိုးစေ့များနှင့် ဥယျာဉ်ခြံသုံး ပစ္စည်းများ ထောက်ပံ့ခြင်းကို ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့ က အင်းတော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အင်းတော်ကြီးကန်နှင့် ဆက်စပ်ရေဝပ်ဒေသများသို့ ဆောင်းခိုငှက်များ စတင်ဝင်ရောက် စက်တင်ဘာလအတွင်း ရေပျော်ငှက်ကောင်ရေ ၁၁၁ ကောင်ဝင်ရောက်
Oct 12,2020
မြန်မာနိုင်ငံတွင် အကြီးဆုံးကုန်းတွင်း ရေချိုအိုင်ကြီးဖြစ်သည့် အင်းတော်ကြီးကန်နှင့် ဆက်စပ် ရေဝပ်ဒေသများတို့ စက်တင်ဘာလမှစတင်၍ ဆောင်းခိုရေပျော်ငှက်များ စတင်ဝင်ရောက်လျက်ရှိပြီး ငှက်မျိုးစိတ်(၁၁)မျိုး ကောင်ရေ ၁၁၁ ကောင် ဝင်ရောက်ခဲ့ကြောင်း အင်းတော်ကြီး ဘေးမဲ့တော အုပ်ချုပ်ရေးမှူး ဦးမောင်ဝင်းက အတည်ပြုပြောကြားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မက်မွန်လောင်းကျေးရွာ မီးဘေးသင့်ဘုန်းကြီးကျောင်းသို့ ၀တ္ထုငွေများ သွားရောက်လှူဒါန်း
Oct 12,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ခိုလမ်မြို့၊ ဟိုနောင်ကျေးရွာအုပ်စု၊ မက်မွန်လောင်းကျေးရွာအတွင်းရှိ လုလုံဘုန်ကြီးကျောင်းတွင် ယနေ့နံနက်ပိုင်းအချိန် က မီးလောင်မှုဖြစ်ပွားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကမာရွတ်မြို့နယ်၌ သန့်ရှင်းရေး ဝန်ထမ်းများအား အလှူငွေများ လာရောက်လှူဒါန်း
Oct 12,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ် ပတ်ဝန်းကျင်စီမံခန့်ခွဲရေး လုပ်ငန်းတာဝန်ခံ အဖွဲ့ မြို့ပြပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေး ဌာနမှ မြို့နယ်သန့်ရှင်းသာယာလှပ ရေးအတွက် နေ့တာဝန် ညတာဝန် ထမ်းဆောင်နေကြသော သန့်ရှင်းရေး ဝန်ထမ်းများအား ယမန်နေ့ နေ့လည်ပိုင်းက စေတနာရှင်မိသားစုမှ လာရောက်လှူဒါန်းခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တာမွေမြို့နယ်တွင် နှာခေါင်းစည်း (Mask) မတပ်ဆင်သူများအား အရေးယူဆောင်ရွက်
Oct 12,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုကို ကြိုတင် ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီက နေအိမ်မှ ပြင်ပသို့ ထွက်ခွာသွားလာသူတိုင်း နှာခေါင်းစည်း (Mask) တပ်ဆင်ပြီးမှသာ သွားလာကြရမည်ဟု ကြေညာထားပြီး ဖြစ်သော်လည်း မြို့နယ်အတွင်းရှိ ပြည်သူများနှင့် ခရီးသွားပြည်သူ တစ်ချို့မှာ လိုက်နာဆောင်ရွက်မှု အားနည်းနေသေးသဖြင့် ယနေ့ နံနက်ပိုင်းအချိန်က မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီမှ တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ ကားမှတ်တိုင်များ၊ စျေးများ၊ ဘူတာများ၊ လက်ဘက်ရည်ဆိုင်များ၊ စားသောက်ဆိုင်များ၊ လမ်းဆုံလမ်းခွ နေရာများ အပါအဝင် လူစည်ကားရာ နေရာများတွင် နှာခေါင်းစည်း (Mask) မတပ်ဆင်ဘဲ သွားလာနေသူ များအား ချက်ချင်းဝယ်၊ ချက်ချင်းတပ် စနစ်ဖြင့် အရေးယူဆောင်ရွက်ခဲ့ကြ သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်တာကျေးရွာ တောင်သူများသို့ သဘာဝပိုးသတ်ဆေး ပြုလုပ်နည်း လက်တွေ့ပြသဆောင်ရွက်
Oct 12,2020
စစ်ကိုင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကျောက်တာကျေးရွာရှိ တောင်သူများသို့ သဘာဝ ပိုးသတ်ဆေး ပြုလုပ်နည်း အဆင့်ဆင်ကို ယမန်နေ့ နေ့လယ်ပိုင်းက အဆိုပါ ကျေးရွာတွင် လက်တွေ့ပြုလုပ် ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28786
Page
28787
Page
28788
Page
28789
Current page
28790
Page
28791
Page
28792
Page
28793
Page
28794
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department