အမြို့မြို့အနယ်နယ်သတင်းများ

Oct 12,2020
နွားထိုးကြီးမြို့၊ ဒုရဲမှူး မြစိုးနှင့်အဖွဲ့သည် မှုးယစ်ဆေးဝါးသတင်းအရ အမှတ်(၁)ရပ် ကွက်အတွင်းရှိ ဆေးရုံ၏ အရှေ့ဘက်လမ်းကြား၌ ယမန်နေ့ ညနေ ၁၇ နာရီအချိန်တွင် စောင့်ဆိုင်း နေစဉ် နွားထိုးကြီးမြို့ အမှတ်(၄) ရပ်ကွက်နေ ငွေစိုး မောင်းနှင်လာသော ၃၇ယ/---- နံပါတ်ပါ SUNBO -125 ဆိုင်ကယ်အား ရပ်တန့်ရှာဖွေစစ်ဆေးခဲ့ရာ
Oct 12,2020
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ယမန်နေ့မနက်(၈)နာရီက မြို့လယ်ဗိုလ်ချုပ်လမ်းမကြီးပေါ်တွင် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့မှ (mask) တပ်ဆင်လာခြင်းမရှိသူများအား ဒဏ်ကြေးငွေ ပေးဆောင်စေခြင်းဖြင့် စည်းကမ်းလိုက်နာမှုရှိစေရန် ကြပ်မတ်ဆောင်ရွက်ခဲ့ကြသည်။
Oct 12,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ လုံခြုံစိတ်ချစွာ မဲပေးနိုင်ရေးနှင့် မဲရုံလုံခြုံရေးအတွက် တာဝန်ထမ်းဆောင်ကြမည့် အထူးရဲသင်တန်းသားများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိကို Test kit စနစ်ဖြင့် စစ်ဆေးခြင်းကို ယနေ့နံနက်(၁၀)ခန့်က အခြေခံပညာအထက်တန်းကျောင်း၌ စစ်ဆေးဆောင်ရွက်ခဲ့သည်။
Oct 12,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့အတွင်းရှိ ရပ်ကွက်/ ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် (နောက်ဆုံးအကြိမ်) မဲဆန္ဒရှင်အမည်စာရင်း ကပ်ထားကြေညာ ထားရှိမှုများအား ကျေးသီးမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့မှအဖွဲ့ဝင်များက ယမန်နေ့ နေ့လည်ပိုင်းအချိန် က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Oct 12,2020
ရန်ကုန်‌အ​နောက်ပိုင်းခရိုင်၊ ​ကျောက်တံတားမြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နေအိမ်ပြင်ပထွက်ခွာသူများ၊ ပါးစပ်၊နှာခေါင်းစည်း(Mask) များ တပ်ဆင်ခြင်း ရှိ၊မရှိ စစ်ဆေးခြင်းကို ယမန်နေ့ ​​နံနက်က မြို့နယ် အတွင်းရှိ လမ်းမကြီးများလမ်းသွယ်များနှင့် ဘတ်စ်ကားမှတ်တိုင်များသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက် ခဲ့ကြောင်း သိရသည်။
Oct 12,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းခတ်မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ အသက်၁၅နှစ်အောက် ကလေးများကို (တတိယအကြိမ်) အမီလိုက်ကာကွယ်ဆေးထိုး/ဆေးတိုက်ပေးခြင်းကို ယနေ့နံနက် ၉နာရီအချိန် က စတင်၍ အမှတ်(၁)ရပ်ကွက် ပြည်သူ့ဝန်ဆောင်မှုရုံး (OSS)၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Oct 12,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် ကလေးငယ်များကျန်းမာသန်စွမ်း‌စေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေစေရန်ရည်ရွယ်၍ လစဉ်ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ ဆေးတိုက်ခြင်းလုပ်ငန်းများကို ယမန့်နေ့နံနက်(၁၀)နာရီ အချိန်ခန့် က မိုင်းငေါ့မြို့ ကွန်ကောက် ကျေးရွာ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။