အမြို့မြို့အနယ်နယ်သတင်းများ

Aug 25,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ အင်္ဂပူမြို့ငဝန်ဧရာ လမ်းဆုံတွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မပေါ်ပေါက်စေရေးအတွက် နှာခေါင်းစည်း (Mask) ဖြန့်ဝေခြင်း လုပ်ငန်းများကို ယမန်နေ့ နံနက် ၉ နာရီ အချိန်က ပြုလုပ်ခဲ့သည်။
Aug 25,2020
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ကိုဗစ်-၁၉ ကာလ စိုက်ပျိုးစရိတ် အထူးချေးငွေကို မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၅၃)အုပ်စုမှ ဘဏ်အဖွဲ့ဝင် တောင်သူများအား စိုက်ပျိုးမြေ တစ်ဧကလျှင် ငွေကျပ် ငါးသောင်းနှုန်းဖြင့် ထုတ်ချေးခဲ့ရာ ယမန်နေ့ က ရာနှုန်း ပြည့် ထုတ်ချေးပြီးစီးခဲ့ကြောင်းသိရသည်။
Aug 25,2020
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့ သန့်ရှင်းသာယာလှပစေရန်၊ မိုးရာသီကာလ အတွင်းရေစီးရေလာကောင်းမွန်စေရန်၊ ရေမြောင်းအတွင်း အမှိုက်များ ပိတ်ဆို့မှုမရှိစေရန်နှင့် ခြင် ပေါက်ဖွားမှုမရှိစေရန်ရည်ရွယ်၍ တိုင်းဒေကြီးအစိုးရအဖွဲ့ အ‌ထွေထွေပိုလျှံရန်ပုံ‌ငွေဖြင့် ပြည်‌တော်သာလမ်းတွင် အုတ်ရေမြောင်းနှင့် ရေမြောင်းအဖုံးဆောင်ရွက်နေမှုအား တိုင်းဒေသ ကြီး လွှတ်တော် ကိုယ်စားလှယ်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်‌ရေးမှူး၊ မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိတို့မှ ယမန်‌နေ့ နံနက်(၁၁)နာရီက ကွင်းဆင်းကြည့် ရှုစစ်‌ဆေးခဲ့ သည်။
Aug 25,2020
ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် (CERP)အစီအစဉ်အရ စိုက်ပျိုးရေးဦးစီးဌာနမှ ရွှေရင်အေးစပါး မျိုးကွဲ နုတ်ပယ်ခြင်းနှင့် မျိုးစေ့ထုတ်လုပ်ခြင်း လုပ်ငန်းစဉ်သင်တန်းကို ယမန်နေ့နံနက်ပိုင်းက ရေမောင်းတန်း ကျေးရွာရှိ တောင်သူဦးကျုံးပေါင်း၏ မျိုးစေ့ထုတ်စံပြစိုက်ခင်းရှိ ယာယီရှင်းလင်းဆောင်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။