Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မိုးညိုမြို့နယ် စည်ပင်သာယာစျေးတွင် နှာခေါင်းစည်း (Mask) နှင့် ကျန်းမာရေးအသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ
Aug 23,2020
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ စည်ပင်သာယာစျေးနှင့်စျေးပတ်ဝန်းကျင်ရှိ လမ်းဆုံများတွင် COVID-19 ရောဂါကူးစက်ပြန့်ပွားမှု ဒုတိယလှိုင်း မပေါ်ပေါက်စေရေးအတွက် နှာခေါင်းစည်း (Mask) နှင့် ကျန်းမာရေးပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်း အသိပညာပေးလုပ်ငန်းများကို ယနေ့နံနက် ၆ နာရီခွဲအချိန်က ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဒလမြို့နယ်၌ ကိုဗစ်-၁၉ ကာလ စီးပွားရေးကုစားမှုအစီအစဉ်အရ မျိုးသန့်မျိုးစေ့ထုတ် တောင်သူများအား ထောက်ပံ့ငွေများ ပေးအပ်
Aug 23,2020
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ကာလ စီးပွားရေးကုစားမှု (CERP) အစီအစဉ်အရ မိုးစပါးမျိုးသန့်မျိုးစေ့ထုတ်တောင်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ်သီရိဇေယျနော်ရထာခန်းမ၌ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လမ်းမတော်မြို့နယ် UMFCCI တွင် ပြည်ပမှတင်သွင်းသည့် မော်တော်ယာဉ်များအပေါ် အခွန်အခလျှော့ချခြင်းနှင့်စပ်လျဉ်း၍ Euro Cham Myanmar မှ အဖွဲ့ဝင်များလာရောက်တွေ့ဆုံ
Aug 23,2020
လမ်းမတော်မြို့နယ် UMFCCI တွင် European Chamber of Commerce Myanmar, (EuroCham Myanmar) Automotive Advocacy Group မှ Business Development Manager, Ms.Gerdien Velink နှင့် အဖွဲ့ဝင်များသည် မြန်မာနိုင်ငံ၌ ပြည်ပမှတင်သွင်းသည့် မော်တော်ယာဉ်များအပေါ် အခွန်အခလျှော့ချခြင်းနှင့်စပ်လျဉ်း၍ ဆွေးနွေးရန် ယမန်နေ့ညနေပိုင်းတွင် အသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းနှင့် အမှုဆောင်များထံ လာရောက်တွေ့ဆုံခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မအူပင်မြို့နယ်တွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း စာဖတ်ဝိုင်းကျင်းပ
Aug 23,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့မွန်းလွဲ ၂ နာရီက စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)အသင်းက စာရေးဆရာအောင်သင်း ရေးသားသော ''ရည်မှန်းချက်နှင့်ပြဿနာအထွေထွေ'' စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့နယ် ရွှေလေးကျေးရွာတွင် အဝီစိစက်ရေးတွင်း တူးဖော်အောင်မြင်
Aug 23,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ရွှေလေးကျေးရွာတွင် သောက်သုံးရေဖူလုံရေးအတွက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အဝီစိစက်ရေတွင်း တူးဖော်ပေးခဲ့ရာ ယခုအခါ ရေများရရှိပြီဖြစ်သဖြင့် ကျေးရွာသူ၊ရွာသားများ ပျော်ရွှင်လျက်ရှိကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ကျန်းမာရေးစံနှုန်းသတ်မှတ်ချက်နှင့်အညီ ပြည်သူများ မဲပေးနိုင်ရေး ၊ မဲရုံများကို ကြည့်ရှုစစ်ဆေး
Aug 23,2020
COVID-19 ကာလအတွင်း ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကျန်းမာရေးဆိုင်ရာ စံနှုန်းသတ်မှတ်ချက် (Standard Operating Procedure-SOP) နှင့်အညီ ပြည်သူများ အဆင်ပြေစွာမဲပေးနိုင်ရေး ယမန်နေ့က တာဝန်ရှိသူများ မဲရုံများကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကော့သောင်းမြို့နယ်တွင် ကိုဗစ်-၁၉ကာလ မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များအား ထောက်ပံ့ကြေးထုတ်ပေး
Aug 23,2020
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ၂၀၁၇-၂၀၁၈ခုနှစ် ဘဏ္ဍာရေးနှစ်မှ စတင်၍ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသောကလေးများ အသက် (၂) နှစ်အထိ ငွေကြေးထောက်ပံ့မှုလုပ်ငန်းများကို ပြည်နယ်နှင့်တိုင်းဒေသကြီးတစ်ချို့တွင် ဆောင်ရွက်ပေးလျက်ရှိရာ ပုံမှန်ဆောင်ရွက်လျက်ရှိသည့်ဒေသများအပြင် ကိုဗစ်-၁၉ကာလအတွင်း ထပ်မံတိုးချဲ့ထောက်ပံ့ပေးသည့် အစီအစဉ်အဖြစ် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်တွင် ကိုယ်ဝန်ဆောင်ထောက်ပံ့ကြေးများကို ယမန်နေ့ နံနက်ပိုင်းက ကော့သောင်း ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနရုံးတွင် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ခရမ်းမြို့နယ်အတွင်း သက်မှတ်ထားသည့် မဲရုံများအား မြေပြင်လက်ရှိအခြေအနေများအား ကွင်းဆင်းစစ်ဆေး
Aug 23,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်အတွင်း ၂၀၂၀ ခုနှစ် နိုဝင်ဘာလတွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲကြီးတွင် မဲရုံများအဖြစ် အသုံးပြုမည် စာသင်ကျောင်းများနှင့် အဆောက်အဦးများ၏ မြေပြင်လက်ရှိအခြေအနေနှင့် ပြင်ဆင်ရမည့်အခြေအနေများကို ယမန်နေ့နံနက် ၈ နာရီက မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဝင်များက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
29816
Page
29817
Page
29818
Page
29819
Current page
29820
Page
29821
Page
29822
Page
29823
Page
29824
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department