အမြို့မြို့အနယ်နယ်သတင်းများ

Aug 21,2020
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့်ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော လူထုဗဟိုပြု စီမံကိန်း (စတုတ္ထနှစ်စက်ဝန်း) ထောက်ပံ့ရန်ပုံငွေနှင့် ကျေးလက်နေပြည်သူများ၏ ထည့်ဝင်ငွေ များနှင့်အကောင်အထည် ဖော်ဆောင်ရွက် ပြီးစီးအောင်ခဲ့သော ကျေးလက်အင်ဂျင်မီးလင်းရေး လုပ်ငန်းဖွင့်ပွဲနှင့်လူထုစစ်တမ်း ကောက်ယူပွဲကို ပေါက် မြို့နယ် တောင်မြင့်ကျေးရွာအုပ်စု၊ သစ်ညီနောင်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းရှေ့၌ ယမန်နေ့ နံနက်ပိုင်းကကျင်းပသည်။
Aug 21,2020
ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်၊ နွားခြံကြီးကုန်းကျေးရွာအုပ်စု၊ ရွာသာအေးကျေးရွာတွင် သန့်ရှင်းသောသောက်သုံးရေရရှိရေးရည်ရွယ်ချက်ဖြင့် စက်ရေတွင်းတူးဖော်ခြင်း ရေစက်ရုံတည်ဆောက်ခြင်းနှင့် ရေဂါလံ (၅၀၀၀) ဆံ့ ရေစုကန်တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Aug 21,2020
ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းများ သောက်သုံးမှုထိန်းချုပ်နိုင်ရေးနှင့် ပြည်သူများကျန်းမာရေးအသိပညာဗဟုသုတရရှိနိုင်ရန် ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီအချိန်က မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ မြေစိုက်ဘုတ်တွင် ပြသဆောင်ရွက်လျက်ရှိသည်။
Aug 20,2020
ပုသိမ်မြို့ဘက်ကမ်း နှင့် စိန်ကုန်းဘက်ကမ်းသို့ ငဝန်မြစ်ကို ဖြတ်ကူး၍ ဆက်သွယ်​ဖောက်လုပ်ထားသည့် ပုသိမ်တံတားအမှတ် ( ၂ ) သည် ယခုအခါ ၁၀၀% ပြီးစီးသွားပြီဖြစ်ပါသည်။ တံတားကြီး၏ ခံနိုင်ရည်ဝန်အားကို သြဂုတ်လ ၂၂ ရက်​နေ့တွင် စမ်းသပ်စစ်ဆေးခြင်း ပြုလုပ်သွားမည်ဖြစ်ကြောင်းကို ယ​နေ့နံနက်ပိုင်းက တံတားတည်​ဆောက်​ရေးအဖွဲ့ တာဝန်ခံက မီဒီယာများကို ​ပြောကြားခဲ့သည်။
Aug 20,2020
စစ်ကိုင်းခရိုင် စားသုံးသူရေးရာဦးစီးဌာနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်အတူ စားသုံးသူ ပြည်သူများ အကာအကွယ်ပေး ရေးအတွက် စားသုံးရန်မသင့်သည့်
Aug 20,2020
စစ်ကိုင်းခရိုင်၊ မြောင်မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ကောင်းမွန်သောရေသတ္တဝါမွေးမြူရေးကျင့်စဉ် (GAqP) သင်တန်းဖွင့်ပွဲကို ယနေ့နံနက်၊ (၁၀)နာရီက မြို့နယ်ငါးလုပ်ငန်းဦးစီးတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
Aug 20,2020
​မော်လမြိုင်ခရိုင်၊ ကျိုက်မ​ရောမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်ပါတီစုံ ဒီမိုက​ရေစီအ​ထွေ​ထွေ​ရွေး​ကောက်ပွဲ​အောင်မြင်စွာ ကျင်းပ​နိုင်​ရေးအတွက် မဲစာရင်းစိစစ်​ရေးလုပ်ငန်း​ကော်မတီသို့ ရပ်ကွက်/​ကျေးရွာ(၄၇)ခုမှတင်ပြလာသည့် ပုံစံ(၃)၊ ပုံစံ(၄)၊ ပုံစံ(၄-ဂ) ပုံစံများကို မြို့နယ်​ရွေး​ကောက်ပွဲ​ကော်မရှင်အဖွဲ့ခွဲရုံး၌ ယမန်​​နေ့ကစ၍ စိစစ်​ဆောင်ရွက်လျက်ရှိ​ကြောင်းသိရသည်။