အမြို့မြို့အနယ်နယ်သတင်းများ

Aug 20,2020
ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ကိုဗစ်-၁၉ ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများ အတွက် စတုတ္ထအကြိမ် ထောက်ပံ့ငွေများကို ယမန်နေ့ နံနက်ပိုင်းက ပေးအပ်ခဲ့ကြောင်း သိရသည်။
Aug 20,2020
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ၂၀၂၀ ပြည့်နှစ်၊ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ
Aug 20,2020
လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ်၊ လူကုန်ကူးမှုအန္တရာယ်အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီခွဲအချိန်က အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည်။
Aug 20,2020
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ကနီမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ၏ စီးပွားရေးအပေါ် ထိခိုက်နစ်နာမှု သက်သာရေးစီမံချက်အရ ဖွင့်လှစ်သော ကျွဲ/နွား မွေးမြူရေး သင်တန်းကို ကနီမြို့နယ် ချောင်းမကျေးရွာတွင် ယမန်နေနံနက်(၉)နာရီက ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
Aug 20,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့ အခြေခံပညာအထက်တန်းကျောင်းဝန်း အတွင်း ကွန်ကရစ် လမ်းခင်းရန်အတွက် မြန်မာရွှေသဖူ ကုမ္ပဏီမှ ငွေကျပ်(၁၅)သိန်း လှူဒါန်းခြင်းကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့ကြောင်းသိရ့သည်။
Aug 20,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့နယ်တွင် ၁၆-၈-၂၀၂၀ ရက်နေ့မှစ၍ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် သြဂုတ် ၁၉ ရက်နေ့ နံနက်ပိုင်းတွင် ခိုလုံရပ်ကွက်၊ မြို့မရဲစခန်းအနီး ပြည်ထောင်စု လမ်းမကြီး၌ ကမ်းပါးပြို၍ သစ်ပင်ကြီးလဲရာမှ လမ်းဘေးရှိ လျှပ်စစ်မီးတိုင်များနှင့် နေအိမ်အချို့ ထိခိုက်ပျက် စီးခဲ့ပြီး ၎င်းမြေပြိုသည့်နေရာနှင့် တစ်ဆက်တည်းရှိသည့် မြို့နယ်လဝကဦးစီးဌာန ဝန်ထမ်းအိမ်ယာများနှင့် နေအိမ်အချို့သည် ကမ်းပါးပြိုမှု ဆက်လက်ဖြစ်ပွားခဲ့သည်။
Aug 20,2020
၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျိုင်းတုံမြို့၊ ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲ ၁ နာရီက ကျင်းပသည်။
Aug 20,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန (ရှေ့တန်းရုံး) မှ ဒု-လဝကမှူး ဦးပြည့်ဖြိုးအောင်နှင့် ဦးသန့်ဇင်ထွန်း တို့ပါဝင်သော ကွင်းဆင်း အဖွဲ့သည် ဩဂုတ်လ ၂၀ ရက်နေ့က မြက်တိုကျေးရွာ အုပ်စု၊ မယ်ဇလီကုန်းကျေးရွာ၊ ဓမ္မရက္ခိတ ဓမ္မာရုံ၌ အသက် (၁၈) နှစ်ပြည့် နိုင်ငံသားစိစစ်ရေး ကဒ်ပြားများအား ကျေးရွာအရောက် ကွင်းဆင်း ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။